မေ့မြောနေသည့်ခန္ဓာတစ်ခုထဲသို့ ရုတ်တရက်ဝင်ရောက်လာသည့်အာရုံတစ်ခု။ နှလုံးသားထဲထိုးသွင်းခံခဲ့ရသောဓားတစ်လက်နှင့်တုန်လှုပ်မှုမရှိပါသော ချစ်ရသူ၏ပုံရိပ်။ မျက်လုံးထဲအမှောင်တိကျချိန်အထိ ထိုလူကသစ္စာရှိရှိထိနေရာတွင်သာ ရပ်နေဆဲပါ။ ထိုခံစားချက်ကြောင့် ဘေးနားကအပြုံးထေ့ထေ့တွေကို မုန်းဖို့တောင် သူအာရုံမစိုက်နိုင်တော့။ လုပ်ရက်လေခြင်းဆိုသည့်အတွေးတို့သာကြီးစိုးနေခဲ့သည်။
"ဂျင်"
"ဂျင် Hyung"
သူ့ကိုခေါ်နေသည့်အသံကိုကြားနေရသည်။ သို့သော် အသံလားရာ ဦးတည်ချက်ကို သူမသိ။ အသိစိတ်တွေရှိနေပေမယ့် သူနိုးမထနိုင်သေး။ စိတ်အတွင်းတွေင်ပိတ်မိနေသည့်ခံစားချက်မျိုးဖြင့် ဘေးနားမှပြောသမျှစကားတွေကိုသူကြားနေရသည်။ သို့သော် သူမနိုးထနိုင်သေးပါ။
"ဂျင် Hyung တစ်ယောက်တည်းကိုတွေ့ခဲ့တာလား"
"အင်း တွေ့တဲ့သူကအဲ့လိုပဲပြောတယ်။ တွေ့တွေ့ချင်းဘာထိခိုက်ဒဏ်ရာမှမရှိပေမယ့် သတိလုံးလုံးရမလာလို့ ဆေးရုံကိုပို့ခဲ့တာတဲ့"
"ဒါဆိုဂျောင်ကုရော။ သူလည်းတစ်နေရာရာမှာရှိနေလောက်မလား"
ထိုစကားသည် ဆော့ဂျင်ကိုတွေ့ပြီဆိုသည်နှင့်အဆောတလျင်ပြေးလာသည့်ဂျီမင်းထံမှဖြစ်သည်။ ထိုအချိန်
"တီ တီ တီ တီ..."
လူနာထံမှအချက်ပေးသံမြည်လာသည်။
"Hyung! Hyung!"
"ယောင်းလေး ဆေးထိုးပေး။ ငါဂျင့်ကို ငြိမ်အောင်ထိန်းထားမယ်"
ယွန်းဂီက အကြောများတုန်ခါနေသည့်ဆော့ဂျင်ခန္ဓာကိုယ်ကိုထိန်းကာ ထယ်ယောင်းက လက်မှအကြောကိုဆေးထိုးလိုက်၏။ ထိုအခါ ငြိမ်ကျသွားသည့် ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့်ပုံမှန်နေသားတကျဖြစ်လာသည်။ ထိုအခြေအနေကိုမြင်မှသာလျှင် ယွန်းဂီနှင့်ထယ်ယောင်းသက်ပြင်းချနိုင်သလို ဂျီမင်း၏စိုးရိမ်မျက်ဝန်းတွေလည်းအရောင်လျော့သွားသည်။
ထို့နောက် ထယ်ယောင််းတစ်ယောက် ဂျီမင်းနှင့်အခန်းအပြင်သို့ထွက်လာကြသည်။
CZYTASZ
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~