ခြေလေးချောင်းအသုံးပြုလာသည့် မြင်းခွာသံပြင်းပြင်းက သူ့နားအတော်နီးကပ်လာသည်။ ထို့နောက် သူလေထဲဝေ့သွားသည့်ခံစားချက်မျိုး...တစ်ယောက်ယောက်ကမြင်းပေါ်ပွေ့တင်လိုက်ခြင်းမျိုး။
...................................................
နေရောင်နုနု၏အနွေးဓာတ်ကိုသူခံစားနေရသည်။ နှာခေါင်းနားတွင်လာကျီစယ်သည့် မွှေးပျံ့ပျံ့ရနံ့ပါးပါးက သူ့ဆရာကြီးဆေးရည်ကျိုနေလျှင်ရတတ်သည့်အနံ့မျိုး။ မျက်လုံးတွေမှိတ်နေရင်းပင် သူ့တိုင်းပြည်၏အငွေ့အသက်တွေက သူ့အပေါ်လွှမ်းခြုံနေသလို ခံစားရသည်။
ထို့ကြောင့်သူ့မျက်လုံးအာရုံကြောတွေကို လှစ်ဟဖို့သူ့ဦးနှောက်ကိုအလုပ်ပေးလိုက်၏။
မျက်တောင်တို့ ပွင့်အာလာတော့ ပြတင်းအကျော်မှ ထင်းမီးဖြင့်အငွေ့တထောင်းထောင်းထွက်နေသော အမဲရောင် ပုပုလုံးလုံး ဆေးရည်အိုးက တရိပ်ရိပ်ထင်ရှားလာသည်။"အိပ်မက်လား.....တကယ်လား"
"တကယ်ပေါ့ နယ်စားမင်း"
"ဆရာကြီး"
"အင်း နေရအဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ အဆင်ပြေပါတယ် ဒါနဲ့"
ဂျောင်ကုကဝေ့ဝဲကြည့်သည်။ အခြေအနေကိုသ်ိသောဆရာကြီးက ပြုံးပြ၍ နောက်မှီရန်ခေါင်းအုံးခံပေး၏။
"ကျွန်တော်ခရီးသွားတာ အချိန်ဘယ်လောက်ကြာသွားလဲ"
"၂လ...နယ်စားမင်းပျောက်သွားတာ ၂လရှိပြီ။
ဆရာကြီးကအကဲခတ်ရင်းပင် သူ့လက်ထဲသို့ စာရွက်တစ်ရွက်ထည့်ပေးလာသည်။
~~လဆုတ်ချိန် ပူဆန်ပြည်အားသိမ်းမည်~~
"မရဏဂိုဏ်းက လပြည့်ညကထုတ်ပြန်လိုက်တာ အခုနေပြည်တော်ထိရောက်နေပြီ။ နယ်စားမင်းကိုလည်းလိုက်ရှာနေကြတယ်"
"အခုကျွန်တော်ပြန်ရောက်ပြီလေ နန်းတွင်းဝင်မယ်"
ချက်ချင်းပင် ထထွက်သွားမည့်ပုံပေါ်သည်ကြောင့် ဆရာကြီးတားလိုက်ရ၏။
"နယ်စားမင်းသေချာစဥ်းစားပါ အခုချိန်နေပြည်တော်သွားတာထက် စာလွှာပါးတာပိုကောင်းပါမယ်။ မရဏဂိုဏ်းက လူယုံအများအပြားဒီနားမှာရှိနေတယ်"
ESTÁS LEYENDO
From 14th century to 21st century
Fanficသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~