"ဆော့ဂျင်!"
"ရူးနေတာလား ဟေ့ကောင် တောက်! မင်းကွာ"
ဒူးထောက်လျက်ခွေကျနေပြီဖြစ်သောဆော့ဂျင်ကို ယွန်းဂီဆွဲထူရင်း လက်ကောက်ဝတ်မှသွေးများဆက်မထွက်စေရန်ဖိထားသည်။
"ယွန်းဂီ ငါ...ငါပျောက်မသွားသေးဘူးလား။ ဂျောင်ကု အင့် ဂျောင်ကုပျောက်သွားလို့ ဟင့် သူ့နောက်လိုက်မလို့"
အရူးမျက်ရည်မြင်တော့ သူ့စိတ်ထဲတွင်မသက်မသာ
"တောက်! အရူးလုပ်ရပ်တွေလုပ်နေရလားဆော့ဂျင်။ ထ! အဲ့ကောင်ဆီရောက်မရောက်တော့မသိဘူး မင်းသွေးတွေခန်းပြီးအခုသေမှာ"
လမ်းပေါ် ဖိုသီဖတ်သီဖြစ်နေသောဆော့ဂျင်ကို တွဲခေါ်ရင်း ရင်းနှီးမှုဖြင့် သူ့စိတ်ကိုဆွဲဆန့်ထားသည်။ စိတ်ထဲမှလည်း ဂျောင်ကုကိုထုချင်သည်မဟုတ်။ သူငယ်ချင်းဒီအရူးကောင်ငနာကို ဆွဲဆတ်လုပ်ချင်တာ။
"ဂျောင်ကု အီးးးးးး"
"တော်လိုက်တော့ဆော့ဂျင်။"
"ကုကု အီးးးးးး"
"ကျစ် ငိုတာမတိတ်သေးရင် မင်းကိုငါကိုယ်တိုင်သတ်ပြီး ထောင်ထဲဝင်လိုက်မှာ"
"......"
ဆော့ဂျင် ငြိမ်သွားသည်။ သို့သော်မျက်ရည်တွေကခုထိမစဲသေး။
အရာသုံးခုထင်နေသော လက်ကောက်ဝတ်ကို အဝတ်ခံ၍ အပေါ်မှပတ်တီးစည်းလိုက်သည်။ သွေးသည် ထွက်ထားတာ နည်းနည်းနောနောမဟုတ် သူအနည်းငယ်သာနောက်ကျခဲ့လျှင် ဒီအချစ်ရူးကို အရှင်လတ်လတ်တောင်တွေ့ရမည်မဟုတ်။ တောက်! ယွန်းဂီ တွေးရင်းတွေးရင်း ဒေါသကထွက်သည်။
ထိုအချိန် သူ့ဖုန်းမှတတီးတီးမြည်လာသည်။ စိတ်ကအစိုးမရတော့ ဟယ်လိုဆိုသည့်အသံတောင် မာနေသည်။"ဘာ!"
ယွန်းဂီဖုန်းပြောပြီး အပေါ်ကုတ်ကိုကောက်ယူကာ အခန်းအပြင်သို့ထွက်ရန်ပြင်သည်။
"ယွန်းဂီရား ဘယ်သူလဲ ဂျောင်ကု ဂျောင်ကုလို့ငါကြားလိုက်တယ်"
"မင်းတို့နှစ်ကောင်လုံး ငါ့ကိုနှိပ်စက်နေတာ"
"ငါလိုက်မယ်"
![](https://img.wattpad.com/cover/282033168-288-k279878.jpg)
YOU ARE READING
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~