ဝါကျင်ကျင်မီးရောင်ဖြာဆင်းသော စားပွဲတစ်ခုတွင် တစ်ခုခုကိုအာရုံစိုက်နေသူ...အလျားအနံကျယ်ဝန်းသောစားပွဲတစ်ခုတွင် ငယ်စဥ်ကြီးလိုက်စီစဥ်တည်ဆောက်ထားသည့် စာအုပ်တစ်ပုံသည် စားပွဲ၏အလယ်တွင်အထပ်လိုက်ရှိနေ၏။ စာအုပ်ပုံဘေးတွင် ထောင့်ကျကျပုလင်းလေးတစ်လုံးရှိပြီး ထိုထဲတွင်လိုသလိုမှတ်သားနိုင်သည့် အထွေအထွေသောမှင်ရောင်များဖြင့်Penများရှိသည်။ ထိုထဲမှ Penတစ်ခုကို သူယူလိုက်သည်။ ထို့နောက် မျဥ်းတစ်ကြောင်းဆွဲလိုက်သည်က အသည်းပုံစံတုတစ်ခုပေါ်တွင်ဖြစ်သည်။ သူမျဥ်းသားထားသောနေရာအစွန်မှ ချွန်မြမြဓားဖြင့် လက်မလက်ညိုးလက်ခလယ်တို့ကိုအသုံးပြု၍ ထိုအသည်းတုအား လိုအပ်သလိုအားသုံးကာခွဲချလိုက်သည်။
"အားးးး"
ထိုသို့ခွဲလိုက်သည်ကိုမဆီမဆိုင်ဘေးနားမှထအော်သူက အိမ်ကိုမနေ့တနေ့ကမှရောက်လာသည့်ပတ်ဂျီမင်းဆိုသူ။ ထယ်ယောင်းအာရုံစိုက်နေရင်းမှ ဓားကိုလွှတ်ချလိုက်သည်။ ခွဲစိတ်ရန်... သူခွဲစိတ်ခန်းဝင်ရန်လေ့ကျင့်နေခြင်းဖြစ်သည်။ အတွေ့အကြုံအားဖြင့်လည်းကောင်း လုပ်သက်အားဖြင့်လည်းကောင်း နုသေးသည့်သူ့အတွက် လေ့ကျင်မှုသည်လိုအပ်သည်။ ရှိသင့်သည်။ ခုဟာကမဟုတ်သေးပါ တစ်ခုခုခွဲမယ်လုပ်တိုင်း ဘေးနားမှာလာလာကြည့်ပြီး ထထအော်နေတာတော့မကောင်းဘူးမလား၊ အစစ်ကြီးလည်းခွဲနေတာမဟုတ် အတုကြီးကို အသဲတွေယားပြီးအော်နေတာ။ ပြီးရင်ပြောပါသေးတယ် မင်းကသွေးအေးတယ်နော် ကြောက်ဖို့ကောင်းလိုက်တာတဲ့ သေပါရော သူပြောပုံမှာကိုယ်က ဇာတ်ခမ်းတွေထဲက သွေးအေးတဲ့လူသတ်သမားကြီးကျလို့။
"ဘာဖြစ်တာလဲ"
"ဘာမှမဟုတ်ဘူး ဆက်လုပ်"
ဂျီမင်းသည် အိပ်ယာပေါ်တွင်ယို့ယို့လေးပြန်ထိုင်ကာ မျက်လုံးကတော့ ကြိုးများဖြင့်အရှေ့အနောက်ရွေ့လျားနေသောထယ်ယောင်းလက်များပေါ်တွင်ဖြစ်သည်။
"ဝိုးးးး ပိုမြန်လာပြီ"
ထယ်ယောင်းတစ်ချက်လှည့်ကြည့်တော့ သူ၏ညအိပ်ဝတ်စုံပွပွကြီးဖြင့် ရယ်နေသည်မှာမျက်လုံးတွေမှိတ်လို့နေ၏။
VOUS LISEZ
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~