"ယွန်းဂီ Hyung"
"အင်း"
"လာ လာ ပွဲသွားကြည့်ရအောင်"
လက်ကိုအတင်းကာရောလာဆွဲသည့်ထယ်ယောင်းကြောင့် ခေါင်းကိုကုတ်၍ထလာသည်။
"အိပ်ချင်လို့ပါကွာ အရေးမကြီးရင် နားချိန်လေးတော့ပေးနားဟေ"
မပွင့်တော့သည့်မျက်လုံးများက အညိုရောင်မျက်ကွင်းများကို အားဖြည့်ရန်ကြိုးစားနေပုံ မှေးတေးတေးသာဖြစ်နေသည်။
"Hyung အဲ့ပွဲကိုလိုက်မကြည့်ရင် နောင်တရသွားမယ်နော်..... လာပါဗျာ"
"ဘာလဲကွာ မင်းတို့က ကျစ်"
ထယ်ယောင်းခေါ်ရာသို့ ပျင်းတိပျင်းရွဲပါသွားသည်မှာ အလေးတုံးကြီးကို ကြိုးနဲ့ဆွဲကာခေါ်လာသလိုပင်။ ရှေ့မှခေါ်ဆောင်သူကလည်း တက်တက်ကြွကြွမို့ အလေးတုံးကြီး အနည်းငယ်တော့စိတ်ဝင်စားလာသည်။
ထယ်ယောင်းရပ်လိုက်သည့်နေရာ...
ထိုနေရာတွင် နမ်ဂျွန်း၊ ဂျီမင်း၊ ဟိုဆော့အပါအဝင်သုံးယောက်သား အပြိုင်အဆိုင်ကိုပူးကပ်ကာ တစ်ခုခုကိုကြည့်နေ၏။ မဟုတ်မှ...
"ဖယ်ပေး ဖယ်ပေး ယွန်းဂီ Hyungလာပြီ"
အသံနှင့်တင်မဟုတ် လက်ကပါ ဟန်အမူအရာဖြင့် ဖယ်ရှားနေသည့်ထယ်ယောင်းကြောင့် သူ့အတွက်နေရာတစ်နေရာစာရသွား၏။
"ဟိုမှာကြည့်လိုက်"
ထယ်ယောင်း မျက်မှန်ကိုပင့်တင်ရင်း ပုခုံးမြင့်ကာ တစ်ဆက်တည်းသွားပါဖြဲပြလာသည်မို့ ယွန်းဂီမျက်နှာရှုံ့၍ ကြည့်လိုက်သည်။
"ဟာ့"
"အံ့သြသွားပြီမလား အဟိ"
'အဟိ' ဆိုသည်မှာ လုပ်သံကြီးမို့ ဆာတာတာကြီးဖြစ်နေသည်။
"ဒီကောင်တွေမပြီးသေးဘူးလား"
အကြိတ်အနယ် နှုတ်ခမ်းချင်းတိုက်စစ်ဆင်နေကြသော အခန်းအတွင်းမှဂျောင်ကုတို့သည် နူးနူးညံ့ညံ့အချစ်များကိုလှစ်ဟပြနေ၏။ အခန်းအပြင်မှ ပွဲကြည့်ပုရိသတ်များကိုလည်း ဆေးရုံအတွင်းဖြတ်သွားဖြတ်လာလူများက ကွက်ကြည့်ကွက်ကြည့် စိတ်ဝင်တစားကြည့်သွားကြသည်။
ESTÁS LEYENDO
From 14th century to 21st century
Fanficသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~