Part [ 4 ]

804 129 44
                                    

"Hyung!"

"ထယ်ယောင်း!"

"ဘယ်လိုဖြစ်တာလဲ"

အိမ်ရှေ့ငုတ်တုတ်ထိုင်နေသည့် ဆော့ဂျင်သည် အိပ်မှုန်စုတ်ဖွားဖြင့် မျက်နှာလည်းမသစ်ရသေး။ ထယ်ယောင်းထွက်သွားပြီးချင်းချင်း စေတနာမေတ္တာတွေထားကာ လျောကျနေတဲ့စောင်လေးပြန်ခြုံပေးမိပါရဲ့။အားတစ်ခုကသူ့ခန္ဓာတစ်ခုလုံးကိုအိပ်ယာပေါ်ဆွဲချကာ အင်အားအတန်အသင့်ထည့်ထားသော လက်တစ်ဖက်ကသူ့လည်တိုင်ပေါ် ရောက်လာ၏။ ရုန်းပြန်တော့ နောက်တစ်ယောက်ကချုပ်ထားသည်။ မိုးစင်စင်လင်းချင်း အသက်လုပြေးလာရသည့်အဖြစ်

"ငါ့အိမ်ကိုသူတို့အပိုင်သိမ်းထားတယ်"

"ဟိုလူတွေလား"

"ဟုတ်တယ် ဒီမှာငါ့ကိုလည်ပင်းညစ်သတ်တာ ထွက်ပြေးတာမြန်လို့ အခုအိမ်ထဲမှာ"

ထယ်ယောင်းပြန်လာတာမှန်သွားသည်။ မနေ့ကကိစ္စသည် သူနှင့်လည်းမကင်းဖြစ်၍ သာကြောင်းမာကြောင်းလာမေးခြင်းဖြစ်သည်။
အခုတော့ သူတို့အကြီးဆုံးအစ်ကိုကြီးသာ ဖရိုဖရဲဖြစ်နေသော ညအိပ်ဝတ်စုံ၊ ဖိနပ်ကမပါ၊ အရုပ်တစ်ရုပ်နှင့်တံခါးအပေါက်တွင်ဆောင့်ကြောင့်ထိုင်နေရသည့်အဖြစ်ပါတကား။

..........................................

"ဂျောင်ကု ဒီမှာကြည့်"

စားပွဲပေါ်တွင်ရှိသမျှပစ္စည်းများကို ဂျီမင်းကယူယူပြသည်။ လေးထောင့် အဝိုင်း အတိုအရှည် တစ်ကြိမ်တစ်ခါမျှမမြင်ဖူးသောအရာများကို ဂျီမင်းမှာထိတွေ့လိုက် ပြန်ချလိုက်ဖြင့်

"ဒီ ဒီ ဒီ ဒီ ဒီ..."

"တိတ်စမ်း"

ဂျောင်ကုလက်တွင်ကိုင်ထားသောအရာကို အောက်ကကြမ်းပြင်ဖြင့်ပေါက်ချလိုက်သည်။ ဒီတစ်ခုကအသံကျယ်ရုံတင်မဟုတ် သူ့လက်ထဲတွင်တုန်ခါနေခြင်းကြောင့်ဖြစ်၏။ တစ်ကြိမ်ပေါက်ချသည်တောင် အသံမတိတ်သေးသဖြင့် သုံးလေးချက်လောက်ကြမ်းပြင်နှင့် ဆင့်ကာဆင့်ကာပေါက်လိုက်၏။ ထိုအခါမှ အသံလည်းမကြားရတော့သလို လှုပ်ရှားမှုနိတ္ထိဖြစ်သွား၏။

"ကောင်းတယ် "

ဂျောင်ကုလုပ်ရပ်ကို ဂျီမင်းကထောက်ခံ၏။

From 14th century to 21st century Unde poveștirile trăiesc. Descoperă acum