လည်တိုင်ဖွေးဖွေးကို လှစ်ဟစေလိုက်ပြီး ဂျောင်ကု သူ၏နှုတ်ခမ်းများကို စတေးချလိုက်ကာ လက်များသည် ဆော့ဂျင်ကျောပြင်အနှံ့သို့ စုန်ချည်ဆန်ချည်။ ထိုသူစိတ်ယိုင်လာပြီထင်သည်။ အရသာတစ်မျိုးတွင်နေသည့် နှုတ်ခမ်းနုနုကို တစ်ကျော့ပြန်နမ်းရှိုက်သောအခါ ပြန်လည်၍ဆွဲငင်လာသည်။ ထို့အတူ...ရင်ဘတ်တစ်နေရာတွင်ရှိနေသော လက်တစ်စုံက သူ့အင်္ကျီစကိုတင်းရင်းစွာစုတ်ချေလာသည်။ ထို့နောက်
"ခွပ်"
တွန်းထုတ်လိုက်မှုနှင့်အတူ ပါးပြင်ပေါ်ကျရောက်လာသော ပြင်းအားရှိသည့်လက်သီးဆုပ်တစ်ချက်။
ဂျောင်ကု သတိလွတ်တစ်ချက်မို့ အနောက်သို့ယိုင်သွားသည်။"ငါ့ကို ဘယ်တော့မှ အဲ့လိုလာမဆက်ဆံနဲ့ ဂျွန်ဂျောင်ကု! ငါမင်းရဲ့အသုံးတော်ခံမဟုတ်ဘူး"
မျက်ထောင့်နီတွေက ဒေါသတွေကြောင့်လားဘယ်အရာတွေကြောင့်နီမြန်းနေမှန်းမသိရ။ သူပြောသလို ကိုယ်တိုင်တောင် ဘယ်တော့မှမတွေးခဲ့။ ကင်မ်ဆော့ဂျင်မို့လို့ မင်းမို့လို့လေ။ သို့သော် ကင်မ်ဆော့ဂျင်က သူ့ကိုဘယ်လိုလူစားမျိုးထင်နေခဲ့တာလဲ။
"ကင်မ်ဆော့ဂျင်"
ဆော့ဂျင် သူ့ကိုကျော်၍ထွက်သွားတော့မည်ကြောင့် လက်မှလှမ်းဆွဲလိုက်သည်။
"ပြောတာနားထောင်"
"ဂျွန်ဂျောင်ကု! မင်းလွှတ်လိုက်"
"ဖြစ်လာသမျှတွေကို စီကာပတ်ကုံးမပြောတတ်လို့ ရင်ထဲမှာရှိတာတွေပဲပြောမယ် နားထောင်!"
"........."
ဂျောင်ကု၏မာန်ပါသောအသံတွင် ဆော့ဂျင်ပြောစရာစကားတို့မဲ့သွား၏။
"ပြောခဲ့သလိုပဲ မဖြစ်နိုင်ဘူးဆိုတာမရှိသလို ဆုံတွေ့ခဲ့တဲ့ ခင်ဗျားကိုတွယ်တာမိခဲ့တယ်။ ချစ်ပါမြတ်နိုးပါလို့လည်း နှလုံးသားကိုမစေညွှန်ခဲ့သလို အလိုအလျောက်ဖြစ်တည်လာတဲ့အရာရာကိုလည်း မထိန်းချုပ်နိုင်ခဲ့ဘူး။
အစကတည်းက တွေ့ဆုံမှုကမှားယွင်းခဲ့ရင်တောင် ကျွန်တော်တို့နှစ်ယောက်အတွက်လို့တွေးပေးလို့မရဘူးလား။"
YOU ARE READING
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~