Be My Love Forever 2

2K 112 2
                                    

2

မနက်ကတည်းကဖြီးနေတဲ့ကိုယ့်မျက်နှာကြောင့်
‌ေဘးမှာထိုင်တဲ့ဂျူးကကိုယ့်ကိုမေးခွန်းတွေထုတ်နေတော့တယ်

ဂျူး ။ ။ ခြူးနင့်မျက်နှာကဘာဖြစ်နေတာလဲ အရင်နေ့တွေကတည်နေပါသေးတယ် ခုဟာကပြောင်စပ်စပ်ရုပ်ဖြစ်နေတယ်နော် ငါ့ကိုမှန်မှန်ပြောစမ်း နင်ရည်းစားရနေတာလားကောင်မ 😑

ခြူး ။ ။ ဂျူးကလဲကွာ ငါကရည်းစားရစရာလား😒 ခုလိုမျက်နှာဖြစ်နေတာကလေ မနက်ကဆရာမကိုကာကွယ်ပေးခဲ့လို့ပါဟ😁

ဂျူး ။ ။ အမယ် ကာကွယ်ပေးခဲ့တယ်ဆိုပါလား အော်သိပြီ ခုနင်ဝတ်ထားတာလဲဆရာမ အကျီမလား 😳 နင်နဲ့ကြည့်မကောင်းဘူး ကြီးနေတယ်
အကျီက 😅နင်ငါ့ကိုအစဆုံးပြောပြနော်မဟုတ်ရင်နောက်နေ့ဆရာမကိုနင့်ကိုယ်စားနှင်းဆီပန်းမပေးပေးတော့ဘူး😒

ဂျူး ကိုယ့်ကိုအကျပ်ကိုင်နေတာမလို့ ခန့်ခန့်နဲ့အတူထမင်းစားကျောင်းဆင်းမှ နှစ်ယောက်လံုးကိုအတူတူပြောပြမယ်ဆိုပြီးကတိပေးခဲ့လိုက်ရတယ် ထမင်းစားကျောင်းဆင်းချိန်မာကိုယ်လဲ ကိုယ့်Friနှစ်ယောက်လုံးကိုထမင်းအတူစားရင်းအစဆုံးပြန်ရှင်းပြပေးလိုက်ရတယ်

ခန့်ခန့် ။ ။ နင်ဆရာမကိုတော်တော်ချစ်နေတာပဲ ဆရာမကအရမ်းတည်တယ်နော် နင်မဟုတ်တာဘာမှမလုပ်မိစေနဲ့ ငါဟိုနေ့ကတောင် အဆူခံရသေးတယ်🤧

ဂျူး ။ ။ နင်ကဘာမဟုတ်တာသွားလုပ်မိလို့လဲဟ ကောင်မလေးတွေကိုစာသွားပေးလို့လား😂

ခန့်ခန့် ။ ။ စာပေးလို့ဆိုဆူခံရတာနဲနဲတော်သေး ခုဟာက ငါ‌ေချာက်ထဲတွန်းချခံရတာ ဟ 6တန်း7တန်းအဆောင်ဘက်နာမည်ကိုကြီးလို့ 🤧

ဂျူး ။ ။ ခန့်ခန့်ရယ်နင်ကလေးတွေတောင်အလွတ်မပေးတာလားဟ တစ်နေ့တစ်နေ့စာလုပ်မယ်မရှိဘူး အတန်းငယ်လေးတွေဘက်ပဲ လမ်းသွားလျှောက်နေတာ ပြီးတော့ကောင်မလေးလဲမရဘဲနဲ့ ဟားဟား🤣

ခန့်ခန့် ။ ။ နင်တောင်ဘဲရှိလို့လား ငါ့လာလှောင်နေတာ😒 အရူးကတမူးလာသာချင်နေသေးတာ ချီးထုပ်မ ဂျူးစုတ်

ဂျူး ။ ။ ငါနင့်ကိုမဆဲဘူးနော် ခန့်ခန့် မသာကြီးရဲ့😤

ဂျူးနဲ့ခန့်ခန့်ဆိုသည်အဲ့လိုပါ အမြဲလိုလိုရန်ဖြစ်နေကြတာ မတွေ့ရင်လဲရှာနေကြပြန်ရော
တစ်ယောက် မုန့်ဖိုးမေ့လာပြီဆိုလဲနောက်တစ်ယောက်က မုန့်ဝယ်ကျွေးတာလဲသူတို့ပဲ
အတန်းထဲကမော်နီတာနဲ့ရန်ဖြစ်ပြီဆိုလဲသူတို့နှစ်ယောက်ကတစ်ဖွဲ့ဖြစ်နေပြန်ရော😅

Be My Love ForeverWhere stories live. Discover now