27
- တောင်းပန်ပါတယ် မိုင်း တို့တောင်းပန်ပါတယ် ခုလိုမျိုးတို့ကိုမဆက်ဆံပါနဲ့လား တကယ်ကြောက်လို့ပါ တောင်းပန်ပါတယ်
လွှတ်ပေးပါ အင့်..ဟင့်...- ငိုနေတယ် ဆရာမငိုနေတာလား
ကိုယ့်ကိုမျက်နှာလွှဲထားပြီးငိုသံနဲ့တောင်းပန်နေတယ့်ဆရာမကို ကြည့်ပြီး ကိုယ့်ကိုကိုယ်အပြစ်တင်နေမိခဲ့တယ် ချုပ်ထားတဲ့လက်တွေလွှတ်ပေးလိုက်တော့ ဆရာမကမျက်နှာကိုလက်နဲ့အုပ်ပြီးငိုနေရှာပြန်တယ်
* ကိုယ်ချစ်ရတဲ့သူရဲ့မျက်ရည်က
ကိုယ့်နှလုံးသားကိုအဆူးနဲ့ထိုးလိုက်သလို
နာကျင်ရပြန်တယ် *ကုတင်ပေါ်ကနေဆင်းပြီး ဆရာမရှိရာကိုဒူးနှစ်ဖက်ကိုထောက်ပြီးတောင်းပန်နေမိတယ်
- ဆရာမ သမီးတောင်းပန်ပါတယ် သမီးကိုရိုက်ချင်ရိုက်လိုက်ပါဆရာမ သမီးဆရာမကိုငိုအောင်လုပ်မိလို့ သမီးမှာအပြစ်ရှိပါတယ်ဆရာမ
ကိုယ်ပြောတာပြန်မဖြေပဲဆရာမဆီမှရှိုက်သံကိုသာကြားနေရမြဲပါ တော်တော်ကြာတဲ့အထိဘာမှပြန်မပြောပဲငိုနေခဲ့တဲ့ဆရာမကြောင့်
- ဆရာမအနားယူလိုက်ပါသမီးထွက်သွားပေးပါ့မယ်ဆရာမ သမီးထွက်သွားတာနဲ့ ငိုနေတာလဲရပ်လိုက်တော့နော် သွားပြီဆရာမ
ကိုယ်ဒူးထောက်ထားရာမှ ထပြီးတံခါးဆီထွက်သွားမယ်လုပ်တော့ ကိုယ့်လက်ကိုလှမ်းဆွဲထားတဲ့လက်တစ်စုံ မျက်ရည်တွေကိုသုတ်ပြီး ရှိုက်သံသဲ့သဲ့နဲ့စကားစပြောလာတဲ့ဆရာမ
အသားဖြူလှတဲ့ဆရာမက ငိုထားတာကြောင့်
မျက်လုံးနဲ့နှာခေါင်းထိပ်လေးမှာနီရဲနေရှာတယ် ကိုယ်ချုပ်ထားခဲ့ဆရာမလက်ဖျံမှာလဲ နီရဲနေတာကိုပါကိုယ်တွေ့လိုက်ပြန်တယ်- မိုင်း မိုင်းသိချင်တာတို့ပြောပြမယ်
ဂတိပေးပါ တို့ကိုစိတ်မဆိုးရဘူး
မမုန်းရဘူးလို့ ပြီးတော့မိုင်းကိုကြိုပြီးတောင်းပန်ထားပါရစေ- သမီးကဆရာမကိုမမုန်းပါဘူး ဘယ်တော့မှမုန်းမှာလဲမဟုတ်ဘူးအဲ့တာက ေတာ့သေချာတယ်ဆရာမ ဆရာမကဘာလို့သမီးကိုတောင်းပန်နေတာလဲ ဆရာမအပြစ်မှမဟုတ်တာကို
![](https://img.wattpad.com/cover/278030884-288-k266783.jpg)