Be My Love Forever 14

1.2K 106 2
                                    


ပန်း - ခြူး မမပန်းအဲ့ဘက်ထိုင်ချင်လို့
နေရာချိန်းပေးပါလား ရှုခင်းတွေကြည့်ချင်‌လို့လေ

ခြူး - ဟုတ် မမပန်း

ပန်း - အမလေး ခြူးလေးရယ် ပန်းကကိုက်
မစားပါဘူးနော် နှစ်ယောက်ထဲထိုင်ရတာကို ခြူးကြည့်ရတာ သက်တောင့်သက်သာမရှိလိုက်တာ လာဒီဘက်တိုးခဲ့

ခရီးသွားရင် ဆရာမဘေးနားထိုင်မယ်ဆိုတဲ့ရည်မှန်းချက်လေး ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ကိုယ့်ကိုကားပေါ်အရင်တက်ခိုင်းခဲ့လို့ တက် မိတာ မမပန်းကကိုယ့်ဘေးနားလာထိုင်ခဲ့ရော ဆရာမကကိုယ့်နောက်ကထိုင်ခုံမှာနေရာယူပြီးMathsဆရာမနဲ့တူတူထိုင်ခဲ့တယ် ဒါတောင်မမပန်းက နေရာချိန်းချင်လို့ဆိုပြီးချိန်းပေးလိုက်တာ ဆရာမကိုမျက်လုံးထောင့်ကနေခိုးကြည့်ဖို့နဲနဲအဆင်ပြေသွားတာပေါ့ ဆရာမကကားပေါ်ရောက်တာနဲ့ စကားမပြောတော့ဘူး သူ့ဘာသာဘေးကရှုခင်းတွေကိုပဲငေးနေတာလေ ရှေ့မှာထိုင်နေတဲ့ကိုယ်ကပဲ ခေါင်းကိုလည်ပြန်လှည့်ပြီး ဆရာမကိုသွားသွားပြီးစကားပြောနေမိတယ်

ခြူး - ဆရာမ ကားမူးနေလား အချဉ်စား
မလားဆရာမ

ဆရာမ - တော်ပြီ မိုင်း တို့မစားချင်ဘူး

ခြူး - ရှူဆေးရောယူချင်လားဆရာမ

ဆရာမ - တော်ပီ မိုင်း
( ပြတ်သားတဲ့လေသံကြီးနဲ့ဆရာမက)

ခြူး - ဟုတ်ဆရာမ တစ်ခုခုလိုရင်ပြောနော်ဆရာမ

Mathsဆရာမ - နန်းကိုတော်တော်ဂရုစိုက်တာပဲနော် ကလေးမလေးကတော်တော်လိမ္မာမယ့်ပုံလေး ခြူးလေးသမီးကတစ်ယောက်ထဲကိုပဲကွက်ပြီးမေးသွားတာနော် ဒီကလူတွေကိုလဲစားဖို့မေးပါအုန်းလား

ခြူး - ဟဲ ဆရာမတို့အတွက်လဲပါပါတယ်😁
‌(ဖောရှောလိုက်တာအဲ့တာ😑)

Maths ဆရာမ - စတာပါဆရာမက သမီး‌ဆရာမလေး ခနနေရွာငံရောက်လို့ကားရပ်ရင်နဲနဲသက်သာသွားမာပါ

ခြူး - ဟုတ်

ပန်း - ခြူးလေး ပန်းအတွက်ရောပါလား အချဉ်ထုပ်က

ခြူး - ဟုတ် ပါတယ်မမပန်း

ပန်း - ဘယ်ဟာလေးကောင်းလဲ ပန်းကိုရွေးပေးခြူးလေး

Be My Love ForeverWhere stories live. Discover now