Be My Love Forever 23

1.6K 118 7
                                    

- မင်း ဆိူပြီးပြောသံကမြက်ပန်းခြယ်ဆီကကြားရပြီး

- ခင်ဗျား ဆိုတာကတော့ဂျူဂျူးဆီကပေါ့‌

- မင်းဟိုတစ်ယောက် မလား

- ခင်ဗျား ခင်ဗျားက အော်ဘယ်သူများလဲလို့
ဟိုအဒေါ်ကြီးပါလား မတွေ့ရတာတောင်ကြာပြီနော်

- မင်းတို့ကိုဘယ်လိုခေါ်လိုက်ပြန်ပြီလဲ ပန်းအဲ့လောက်ထိအသက် မကြီးသေးဘူးရှင့်

- အဒေါ်ကြီးကဂျူးထက်တော့အသက်ကြီးတယ်လေ အဒေါ်ကြီးလို့ခေါ်တာ‌ေလးကိုအဲ့လောက်ထိစိတ်ဆိုးနေရလား

- မခေါ်နဲ့အဒေါ်ကြီးလို့

- ခေါ်မှာ ခေါ်မှာ အ‌ဒေါ်ကြီး အဒေါ်ကြီး အ‌ဒေါ်ကြီးရယ်

အိမ်ပေါက်ဝဆူညံဆူညံမလို့ဂျူးဆီအမြန်သွားလိုက်တယ် ဂျူးနဲ့ မမပန်းစကားပြောနေပြီး ဂျူးမျက်နှာကပြောင်စပ်စပ်ဖြစ်နေပေမယ့် မမပန်းကတော့ ဂျူးကိုမျက်စောင်းထိုးပြီးဆူပုတ်ပုတ်ဖြစ်နေတာမြင်လိုက်ရတယ်
ဂျူးမရဲ့ပြောင်စပ်စပ်မျက်နှာကခနခနမြင်နေကြဖြစ်ပေမယ့်မမပန်းရဲ့ဆူပုတ်ပုတ်မျက်နှာကိုတော့ပထမဆုံးအကြိမ်သာမြင်ဖူးတာမို့ ဂျူးနဲ့မမပန်းအခြေအနေကမကောင်း‌ေတာ့ဘူးဆိုတာရိပ်မိလိုက်တယ်

- ဂျူးမဘာရပ်လုပ်နေတာလဲ မမပန်းကိုအိမ်ထဲခေါ်လေ

- ခြူးမ သူဘယ်သူလဲသိလား ဈေးထဲမှာငါ့ကိုငါးထုတ်နဲ့ပစ်ပေါက်ခဲ့တဲ့တစ်‌ေယာက်ေလ

- ဒီမာ ဒီမာ ငါးထုတ်နဲ့ပစ်ပေါက်ချင်အောင်ဘယ်သူအရင်လုပ်တာလဲ ပန်းကိုမြောင်းထဲလဲခြေချော်ကျအောင်ဝင်လဲတိုက်သေး လူကြားသူကြားထဲ အပြောဆိုခံခဲ့ရသေးနဲ့ အဲ့တာကြောင့်မလို့ပစ်ပေါက်ခဲ့တာလေ သူကများပြောရတယ်ရှိသေး
မသိရင်ပန်းကပဲသူ့ကိုအရင်လုပ်တဲ့ပုံစံနဲ့ပြောနေတာ ပန်းမှာတော့ မြောင်းရေတွေလဲပေ လူလဲအရှက်ကွဲ မုန့်ဟင်းခါးချက်ဖို့ငါးထုတ်ပါဆုံးခဲ့ရတာ

- ဂျူးကပြန်ထူပေးတယ်လေ အဲ့တာကိုပစ်ပေါက်သွားတာလေ ငါးထုတ်ကြီးနဲ့ အဲ့နေ့က
အကျီဆိုတစ်နေကုန်ညှီနေတာငါးအနံ့ကြီးက

Be My Love ForeverWhere stories live. Discover now