6
အိမ်တက်လုပ်ဖို့3ရက်ပဲလိုတော့တာမလို့ ဂျူးနဲ့ခန့်ခန့်ကပဲကူညီပေးတယ်လေ အဲ့3ရက်အတွင်းမာလဲဆရာမနဲ့သိပ်မတွေ့ဖြစ်ခဲ့ ဆရာမမရှိတဲ့အချိန် ဆရာမအမေဆီတော့ခနခနသွားလည်ဖြစ်တယ်ကျောင်းသွားကျောင်းပြန်ဆရာမကိုတော့လိုက်ချောင်းနေမိတယ် နှင်းဆီပန်းအဖြူကိုလဲပေးဖို့မမေ့ပြန်ဘူးလေ ဆရာမတော့ကလေးတွေပေးခိုင်းခဲ့တဲ့ပန်းအဖြူလေးကိုနေ့တိုင်းပန်ဆင်နေသူလေးပေါ့
ကလေးလေးတွေကလဲချစ်ဖို့ကောင်းသားကိုယ်ပေးတာလို့မပြောကြဘူးလေ ကိုယ်ကလဲမပြောခိုင်းခဲ့ဘူးပေါ့😁
အိမ်တက်နေ့ မနက်စောစောကတည်းကအိမ်မာအလုပ်တွေရှုပ်နေတယ်လေဘုန်းကြီး5ပါးပင့်ပြီးဆွမ်းကပ်တာပေါ့ အဖေနဲ့အမေကိုလဲခေါ်ထားတော့အဆင်ပြေနေတယ်ဧည့်သည်တွေကိုလဲများများစားစားမဖိတ်ထားဘူး အိမ်နီးနားချင်းနဲ့ ကိုယ့်အသိတွေပဲဖိတ်ခဲ့တာ
ဧည့်သည်တွေကိုဧည့်သာခံနေတာကိုယ့်ဆရာမလေးကိုတမျှော်မျှော်ရယ် ဂျူးနဲ့ခန့်ခန့်ကလဲ ကိုယ့်နားကပ်ပြီး "အဲ့လောက်ထိသိသိသာသာကြီးမျှော်မနေပါနဲ့ဟ နင့်လည်ပင်းကြီးရှည်ထွက်ပြီးဟိုဘက်ခြံထဲရောက်တော့မာသိလား ဆရာမလာကိုလာမာခနစောင့်လိုက်" တဲ့ ကိုယ်လဲသူတို့နှစ်ယောက်ကိုမျက်စောင်းထိုးပြီးဧည့်သည်တွေကိုဆက်ဧည့်ခံနေတာပေါ့
၈ခွဲလောက်ကြတော့ဧည့်သည်တွေသိပ်မရှိတော့တဲ့အချိန်ကြမှဆရာမရောက်လာခဲ့တယ်လေ ဆရာမအမေလဲပါတာပေါ့
ဆရာမကကြက်ေသွးေရာင်ထဘီနဲ့ရင်ဖုံးလေးနဲ့လှချင်တိုင်းလှနေသူလေးပေါ့ အသားလေးကလဲဖြူတော့ ဆရာမအလှကစာမဖွဲ့တက်ေလာက်အောင်ကိုလှပလွန်းနေရော မိတ်ကပ်မကူပဲနဲ့လှနေသူလေးကိုကိုယ်ဟာလဲငေးမိတာပေါ့*ရိုးရိုးလေးနဲ့လဲလှရက်လွန်းနေသူလေးရယ်
ကိုယ့်ရင်ခုန်သံတွေကဆရာမမှ
ဆရာမဖြစ်ေနတယ်တဲ့လေ*ဂျူးမကကိုယ့်နားကပ်ပြီး"အဲ့လောက်ထိကြည့်မနေနဲ့လေ ဆရာမကနင့်နဲ့coupleလေးကြနေတာပဲ အနီရင့်ရင့်လေးနဲ့"တဲ့ ဂျူးပြောမှကိုယ်ဘာဝတ်ထားမှန်းငုံ့ကြည့်မိတယ် ကိုယ်လဲရင်ဖုံးနဲ့ထဘီကိုမှအနီရင့်ရင့်လေး
ဂျူးအပြောကြောင့်ပီတိတွေဖြာနေတာပေါ့
