Be My Love Forever 26

1.5K 122 9
                                    

- သမီးလေးအိမ်ပြန်လာတာလား တစ်ခါတည်းညစာအတူစားသွားလေ သမီးလာပါ သမီးရဲ့ဖေဖေလဲ သမီးကိုစိတ်မဆိုးတော့ပါဘူး သမီးလေးရယ်

- သမီးလာတာ ဖေဖေနဲ့မေမေကိုမေးစရာရှိလို့  သမီးဒီအမာရွတ်ကဘယ်လိုရခဲ့တာလဲ အမေ ဘယ်လိုကြောင့်ရခဲ့တာလဲ သမီးသိချင်တယ်အမေ

လည်ပင်းကအကျီစကိုပုခုံးထိဆွဲပြီး ကိုယ့်မှာရှိ
‌ေနတယ့်အမာရွတ်ကိုပြပြီး အမေ့ကိုမေးလိုက်တော့တယ်

- ဘာလို့ဒါတွေလာမေးနေတာလဲ သမီးရဲ့
ကဲပါနောက် မှမေးတော့ သမီးဖေဖေထမင်းစားစားပွဲမှာ‌စောင့်နေတယ် သမီးရဲ့

- ခုသိချင်တယ် အမေ အခုပြော

- ဘာတွေအရေးကြီးနေလို့လဲ သမီးရဲ့ မဟုတ်မှလွဲ သမီးကို ပြသနာရှာတဲ့သူတွေရှိနေလို့လားသမီး သမီးကိုဘာတွေပြောလွှတ်လိုက်လို့လဲ သမီး

- အဲ့လိုမျိုးတွေမရှိပါဘူး ပြောပြပါအမေ
သမီးသိချင်လို့ပါ

- ဒီသားအမိဘာတွေဖြစ်နေကြတာလဲ
အဖေကထမင်းစားစားပွဲမှာကိုယ်တွေကို စောင့်မနေနိုင်တော့လို့ထွက်လာတဲ့ပုံပါ

- ရှင့်သမီးလေ အမာရွတ်ဘယ်လိုရခဲ့လဲ
လာမေးနေတယ်ရှင်

- သမီးကဘာလို့ခုမှလာမေးနေတာလဲ သမီးကိုခြိမ်း‌ေြခာက်တာတွေရှိနေတာလားသမီး
ဖေဖေသမီးအတွက်ဘော်ဒီကတ်ရှာ‌ထားပေးမှဖြစ်တော့မယ်နဲ့တူတယ်

- ဘော်ဒီကတ်မလိုပါဘူး သမီးသိချင်တာ
ဒီအမာရွတ်ကဘယ်လိုရခဲ့တာလဲ

- သမီးအဲ့တာတွေသိတော့ရောဘာလုပ်မှာလဲ
အရင်ကကိစ္စတွေပြန်မပြောချင်ဘူးသမီးရဲ့

- မိန်းမကလဲကွာ သမီးကသိချင်နေပြီပဲ

- ကျွန်မတော့မပြောချင်ဘူး စိတ်ထိခိုက်
ရတယ်ရှင့် ရှင့်ဘာသာပြောပြချင်‌ေပြာပြလိုက်သမီးကို

- သမီးသိချင်တယ်ဆိုအဖေပြောပြမယ်

အမေကတော့ စိတ်မကောင်းဖြစ်နေတဲ့ပုံပါ
အမေ့ဆီကစိတ်ထိခိုက်ရတယ်ဆိုတဲ့စကားကြောင့်ကိုယ့်မှာသိချင်စိတ်ကပိုပြင်းပြလာတယ်

Be My Love ForeverWhere stories live. Discover now