Be My Love Forever 16

1.2K 105 3
                                    

မနက်ခင်းတိုင်းဒီလိုလေးနိုးထလာရရင်ဘယ်လောက်တောင် စိတ်ကျေနပ်လိုက်ရ
မလဲ ကိုယ့်ဘယ်ဘက်လက် မောင်းပေါ် အိပ်ပျော်နေတဲ့ဆရာမလေးကို အမြတ်တနိုးကြည့်နေမိတယ် မျက်ခုံးလေး နှာတံလေး နှုတ်ခမ်းလေးတွေကိုအနီးကပ်ကြည့်နေရတော့ ကိုယ့်လက်နဲ့သွားထိချင်တဲ့စိတ်တွေကိုလဲတော်တော်လေးထိန်းနေရတယ်လေ

*ဒီဆရာမလေးကိုယ့်ကိုတပည့်တစ်ယောက်လို528အချစ်နဲ့မဟုတ်ပဲချစ်သူတစ်‌ေယာက်ကိုချစ်တဲ့1500အချစ်နဲ့ချစ်လာအောင်
ဘယ်ဘုရားဆီမှာသွားပြီးဆုတောင်းရပါ့
မလဲ*

ဆရာမကိုချစ်တယ်လို့ဖွင့်ပြောမိရင်အငြင်းခံရပြီး လက်ရှိဆရာတပည့်ဆက်ဆံ‌ေရးလေး
လဲပျက်သွားမှာကိုလဲစိုးရိမ်မိတယ် ဟူးး ဆရာမတစ်ယောက်ကိုချစ်ရတာမလွယ်ပါလားကွာ

*ဒီအမျိုးသမီးလေးရဲ့လက်ကိုတွဲပြီး
ကြုံလာမယ့်ဒုက္ခတွေပြဿနာတွေကို
ကိုယ်ကရင်ဆိုင်ရဲပေမယ့် ထိုအမျိုးသမီးလေးက‌‌ ေရာ ကိုယ့်လိုရင်ဆိုင်ရဲပါ့မလား*

ကိုယ့်အတွေးတွေနဲ့ကိုယ်အလုပ်ရှုပ်နေရင်း ဆရာမရဲ့ခန္ဓာကိုယ်လေးလှုပ်လှုပ်ရွရွဖြစ်လာလို့ ကိုယ်လဲမျက်စိအသာပိတ်ပြီးအိပ်ချင်ယောင်ဆောင်နေလိုက်တော့တယ် ဆရာမကကုတင်ပေါ်ကနေထသွားကာ ရေချိုးခန်းထဲဝင်သွားပြီးတံခါးပိတ်သံပါကြားလိုက်ရတယ်
ကိုယ့်ရဲ့လက် မောင်းကဆရာမထသွားတော့မှကျဉ်တက်လာရော ရာသီဥတုကလဲအေးနေတော့မထသေးပဲစောင်ထဲကွေးနေမိတယ်
ရေချိုးခန်းတံခါးဖွင့်သံကြားလဲမကြားချင်ယောင်ဆောင်ပြီးဆက်ကွေးနေတယ်
သိပ်မကြာဘူး ကိုယ့်ပါးပေါ်အေးခနဲဖြစ်သွားတာခံစားလိုက်ရတယ်

- အိပ်ပုတ်လေး
ဆိုတဲ့ ဆရာမဆီကအသံ‌ေသး‌ေသး‌ေလးကိုပါကြားလိုက်ရတယ်ဆရာမကကိုယ့်ပါးကိုနမ်းလိုက်တာလား😳
ငါဆရာမဆီကနေအနမ်းခံလိုက်ရတာပေါ့လေ အိမ်မက ်လား ဟ အိမ်မက ်ဆိုလဲ ခုလိုအိမ်မ က်ကောင်းလေး အမြဲရချင်တယ်လေ

ဘာတဲ့အိပ်ပုတ်လေး??? ငါ့ကိုပြောတာလားအိပ်ပုတ်လေးဆိုတာ ဒီအိပ်ပုတ်လေးက ‌အစောကြီးထပြီးသူ့ကိုကြည့်နေခဲ့တာမှသူမှမသိခဲ့တာလေ
အခန်းတံခါးဖွင့်ပြီးပြန်ပိတ်သံကြားမှကိုယ်လဲအိပ်ရာပေါ်ထထိုင်နေမိတယ်

Be My Love ForeverWhere stories live. Discover now