- အား ...ကျွတ်..ကျွတ်..နာလိုက်တာကွာ
ဒီလောက်ဒဏ်ရာတွေနဲ့ ငါမနေ့ညကကြမ်းပြင်ပေါ်အိပ်သွားတာလားဟကိုယ်ညကအရက်သောက်တာများသွားတယ်ထင်တယ် မနက်နေမြင့်မှအိပ်ရာထတယ် မျက်နှာကဒဏ်ရာတွေနဲ့အလုပ်သွားဖို့လဲအဆင်မပြေတော့ အိမ်မှာပဲအချိန်တွေဖြုန်းနေလိုက်တယ် မနက်သောက်နေကျ Coffeeခွက်အစား အရက်ခွက်လေးပြောင်းသွားတာလေးတစ်ခုပါပဲ အိပ်ရာထနောက်ကျတော့ ကိုယ့်ဆရာမလေး
ကျောင်းသွားတာကိုလဲမတွေ့လိုက်ရပြန်ဘူးလေ အိမ်မှာအရူးတစ်ယောက်လိုနေနေမိပြန်တယ်ခါးမရောက်ပုခုံးကျော်လောက်ဆံပင်ကိုဖြစ်သလိုစုစည်းထားပြီး တီရှပ်အကျီနဲ့ဒူးဖုံးဘောင်းဘီတိုဝတ်ပြီး Sofaပေါ်အရက်ထိုင်သောက်နေလိုက်တယ် အသည်းကွဲနေတဲ့အချိန်အရက်ကပဲအဖော်ပြုပေးနေတယ်လေ
မနေ့ညကဒဏ်ရာတွေနဲ့ကိုယ့်ကိုဥပေက္ခာပြုလိုက်တဲ့ဆရာမရဲ့ပုံရိပ်တွေပြန်မြင်ပြီးစိတ်မကောင်းဖြစ်မိပြန်တယ်*ကိုယ်ကသာဆရာမကိုတစ်ဖက်သက်
ချစ်နေရတာ ဆရာမရဲ့အ ေတွးထဲမှာေရာ
ကိုယ်ရှိနေပါ့မလား*ရုတ်တရက်အရင်ေန့ကမုန့်ေတွဝယ်ရင်း
ေဆးလိပ်ဘူးတစ်ဘူးကိုဝယ်ခဲ့မိတာကိုသတိရသွားလို့သွားယူလိုက်တယ် ဆေးလိပ်အနံ့တောင်မခံနိုင်တဲ့ကိုယ်က အခုဆေးလိပ်ကိုစမ်းသောက်ကြည့်ချင်နေမိတယ်*ကိုယ့်အတွက် မကောင်းဘူးဆိုတာသိရက်နဲ့ အဲ့လိုမကောင်းတဲ့အရာတွေကိုလုပ်ကြည့်ချင်လာတယ် ဆရာမသိရင်ကိုယ့်ကို
မ ေကာင်းတာေတွမလုပ်ဖို့ တားရောတားပါ့အုန်းမလားသိချင်မိတယ်*ဆေးလိပ်တစ်လိပ်ထုတ်ပြီး သောက်ကြည့်
ရမလား မသောက်ရဘူးလား တွေဝေနေချိန်
အိမ်ရှေ့Bellတီးသံကြားလို့ စားပွဲပေါ်အကုန်ပစ်တင်ပြီးတံခါးသွားဖွင့်လိုက်တော့
ကိုယ်သိပ်ကိုမျှော်လင့်နေရတဲ့ကိုယ့်ဆရာမလေးဖြစ်နေတယ်လေ ဆရာမကအိမ်နေရင်းဝတ်စုံ
အကျီပွပွနဲ့ထဘီလေးကိုတွဲဝတ်ထားပြီး ဆံပင်ကိုတော့မြှောက်ပြီးစည်းထားသေးတယ်ဆရာမကအသက်35ေကျာ်လို့ေပြာရင်ေတာင်ယံုချင်စရာကိုမရှိဘူးေလတကယ်ပါဆရာမက ရိုးရိုးလေးမပြင်မဆင်ပဲနေရင်တောင် ကျက်သရေရှိတဲ့အလှမျိုး ပိုင်ဆိုင်ထားတဲ့သူ ထိုအလှပိုင်ရှင်ကိုလဲ ကိုယ်ဘာစကားမှမပြောနိုင်ပဲငေးကြည့်နေမိတယ်
