Be My Love Forever 3

1.6K 97 0
                                    

3

နောက်နေ့ ကျောင်းမှာဆရာမကကိုယ်တွေသုံးယောက်ကိုတွေ့တော့ ကူညီပေးလို့ကျေးဇူးတင်ကြောင်းတဖွဖွပြောခဲ့တယ်

ဂျူးနဲ့ခန့်ခန့်ကတော့ အဲ့ညကကိုယ့်ရဲ့ပထမဆုံးအကြိမ်အဖြစ် တစ်ခါမှမမြင်ဘူးတဲ့‌ေဒါသအရမ်းကြီးတဲ့လူတစ်ယောက်‌အဖြစ်ပြောင်းသွားတာ ကိုမြင်ပြီးကိုယ့်ကိုပြောခဲ့တယ်

ခန့်ခန့် ။  ။ ခြူး ရာ နင်သေချာနေပါပြီ ဆရာမကိုချစ်နေတယ်ဆိုတာ

ဂျူး ။  ။ ဟုတ်တယ် ခန့်ခန့် သူ့ဆရာမကိုထိတော့ဖြစ်သွားတဲ့မျက်နှာက ဘီလူးဝင်စီးတာကျနေတာပဲ ကြောက်စရာကြီး

ခန့်ခန့် ။  ။ ခြူး နင်ဆရာမအပေါ် ခံစားချက်ရှ်ိနေတာသေချာပြီဝန်ခံမယ် ဆိုတဲ့နေ့ကြရင် ငါတို့ကိုအရင်ပြောနော်

ခြူး ။  ။ ဆရာမဒုက္ခရောက်နေလို့ကူညီတာပါကွာ နင်တို့ကလဲ

ဂျူး ။  ။ အေးပါ ြငင်းထားအုန်းပေါ့ နင်တစ်နေ့ ဆရာမကိုချစ်နေတာပါလို့ဝန်ခံလာမာ ကြိုသိနေတယ်

သူတို့အဲ့လိုပြောတော့ ကိုယ်စဉ်းစားခဲ့တယ် ဆရာမကိုရိုးရိုးသားသားကူညီတာပါ ငါတကယ်ပဲဆရာမအပေါ်ခံစားချက်ရှိနေတာလား မဖြစ်နိုင်ပါဘူးလေ သူကဆရာမတဲ့ဟာကို ဟာ..တော်ပြီဆက် မတွေးတော့ဘူး

ကိုယ်ကိုတိုင်တောင်မသိတဲ့ခံစားချက်ကို ဂျူးနဲ့ခန့်ခန့်ကဘာလို့တပ်အပ်ပြောနိုင်နေခဲ့ရတာလဲ ဆရာမကငါ့အချစ်ဆုံးဆရာမပဲဟာ ဟုတ်တယ်အချစ်ဆုံးဆရာမ 

ဆရာမအပေါ်ခံစားချက်ပိုနေတာကိုကိုယ်တိုင်တောင်မရိပ်မိခဲ့သူပါ

ဘယ်လိုပဲစဉ်းစားစဉ်းစား ဆရာတပည့်ထက်မပိုဘူးလို့တွေးမိခဲ့တယ်

ကံဆိုးတယ်ပြောရမလားကိုယ်လေ10တန်းကိုဆရာမ ရှိတဲ့‌ေကျာင်းကထွက်ပြီးအဆောင်မှာသွားနေရတယ်  ဂျူးနဲ့ခန့်ခန့်ကတကယ်ကိုသူငယ်ချင်းပီသပါတယ် ကိုယ်ပြောင်းတဲ့အဆောင်မာ လိုက်‌ေပြာင်းနေခဲ့ကြတယ်

အဆောင်မာနေရပေမယ့် ဆရာမကိုလွမ်းတဲ့စိတ်တော့ဖြစ်တာပေါ့  ခိုးရိုက်ထားတဲ့ဆရာမပုံလေးတွေ‌နဲ့အလွမ်း‌ေြဖခဲ့ရတယ်

Be My Love ForeverWhere stories live. Discover now