5
ကိုယ့်မာဘေးမှာလာထိုင်ပြီးစကားတွေပြောနေတဲ့ဆရာမကို မသိမသာခိုးကြည့်နေမိ ကိုယ့်ကိုစကားေပြာပြီးရယ်ေနတဲ့ ဆရာမကိုငေးနေမိတာကြောင့် ဆရာမဘာတွေပြောနေလဲဆိုတာ ဘာမှမကြားသလိုအာရုံလဲမရနေတော့ပါ
*အရယ်အပြုံးခက်ရှားရှားနဲ့ဆရာမက
ကိုယ့်ေရှ့မာ ခုလိုရယ်ပြုံးနေတော့ ကိုယ့်မှာငေးကြည့်ရုံမှတပါး *ရုတ်တရက်ကိုယ့်လက်ကိုဆရာမဆွဲကိုင်လိုက်တာကြောင့်ကိုယ့်အတွေးတွေအကုန်လွင့်စင်သွားလေတယ် မေးခွန်းတွေလဲမေးလာတာပေါ့
ဆရာမ ။ ။ လက်ကဆီပေါက်လာတာလား ရေကြည်ဖုတောင်ဖြစ်နေပြီ နာနေလားဆေးလိမ်းပေးမယ်လေ
ဆရာမပြောမှကိုယ့်လက်ကိုသတိထားကြည့်မိတော့တယ် ဆီပေါက်ခဲ့တယ်ဆိုပေမယ့် မဖြစ်စလောက်လေးလို့သာထင်မိခဲ့တာ ခုတော့ အနီစက်ေလးေတွနဲ့ရေကြည်ဖုလေးတွေကိုယ့်လက်မှာနေရာယူနေတယ်လေ
ခြူး ။ ။ ဒီလောက်လေးကဘာမှမဖြစ်ပါဘူး ဆရာမ အရမ်းကြီးမှမဟုတ်တာ ဆေးလဲမလိမ်းချင်ဘူးရယ်
ဆေးဆိုသောက်ရမာရောထိုးရတာရောမကြိုက်တဲ့ကိုယ် ဖျားရင်ဆေးခန်းတောင်မသွားချင်လို့နေကောင်းအောင်အမြဲနေတဲ့ကိုယ်ပါ
ဆရာမကကိုယ်ပြောတာနားမထောင်ပဲအိမ်ထဲဝင်ပြီးဆေးသေတ္တာဘူးလေးယူတာရော
ကိုယ့်လက်ကိုသူ့အပိုင်လို့သဘောထားနေလားမသိ ဆွဲကိုင်ပြီး ဆေးလိမ်းပေးနေတယ်လေ ဘာဆေးလိမ်းပေးနေမှန်းလဲကိုယ်မသိပါ*ဆရာမနဲ့နှစ်ယောက်ထဲရှိတဲ့အချိန်လေးေတွကိုဆွဲဆန့်ထားချင်မိတယ် ဆရာမရယ်*
ဆရာမရဲ့နူးညံ့တဲ့လက်လေးနဲ့ နုနုယွယွလေးကိုယ့်လက်ကိုလာထိမိတာကြောင့် ကိုယ့်မာကြက်သီးထရပြန်ရော ဆေးကပူရှိန်းရှိန်းနဲ့အနာနဲ့ထိေတာ့စပ်ပေမယ့် ကိုယ့်မာစပ်လို့စပ်မှန်းမသိ
ေအာင်ကို ဆရာမကပြုစားတက်လွန်းနေတယ်လေ*ဆရာမသာကိုယ်ဒဏ်ရာရတိုင်းဆေးလိမ်းပေးမယ်ဆိုရင် ကိုယ်ဟာရူးရူးမိုက် မိုက်
ကိုယ့်ဘာသာဒဏ်ရာရအောင်လုပ်နေမိတော့မာပဲ*