- မိုင်း ဘယ်သူ့နားမှမသွားနဲ့နော် တို့နားမှာပဲနေရမယ်နော်
- ဟုတ် ဆရာမကအရမ်းလှတာပဲ
- ဟမ် မိုင်း ဘာတွေပြောနေတာလဲ
- အာ တောင်းပန်ပါတယ်ဆရာမ ယောင်
ေယာင်သွားလို့- ယောင်တာကလဲနော်အထူးအဆန်းပါလား
လာလာ မြန်မြန်လျှောက်ရေကန်နားရောက်တော့မှာ- ဟုတ်
ညနေပုန်းတလုတ်ရေကန်မှာစုံဖို့အားလုံးနဲ့ကြိုညှိထားပြီးသားမို့ဆရာမကစောစောသွားရအောင်ဆိုလို့အားလုံးထပ်အရင်ရောက်နေတယ်လေ
ပင်းတယကပုန်းတလုတ်ရေကန်လေးကိုငေးကြည့်နေတဲ့ဆရာမလေးကို ကိုယ်ဟာလဲ စိတ်လွတ်ကိုယ်လွတ်ငေးနေမိပြန်တယ်- မိုင်း ဒီမှာအရမ်းသာယာတာပဲနော်
- ဟုတ်လှနေရော
အကြည့်ကဆရာမဆီမှာပဲရောက်နေရင်းေဖြမိခဲ့တယ်- သီတင်းကျွတ်ဒီမှာ မီးထွန်းမယ့်သူတွေရော ဗျောက်ဖောက် မယ့်သူတွေရော များသားပဲနော် မိုင်း ရော ဗျောက် ဖောက်ချင်လား သွားဝယ်ကြရအောင်လေ
- နဲနဲလောက်ဝယ်ကြမလားလို့ဆရာမ
ဆရာမရော ဘာဝယ်ချင်လဲ- တို့ကတော့ မီးပုံးလေးလေထဲလွှတ်ချင်တယ်ရော သွားဝယ်ကြမယ် ဒီနားမှာဆိုင်တွေ့ခဲ့တယ် လာတို့လက်ကိုမလွှတ်နဲ့နော်
လူကွဲသွားလိမ့်မယ်- သမီးက ကလေးမှမဟုတ်တာဆရာမကလဲ
- ဘာလဲတို့လက်ကိုမတွဲချင်ဘူးလား ရတယ်လေ လာမချိတ်နဲ့လက်ကို
- မဟုတ်ပါဘူး ဆရာမကလဲ ဆရာမလက်လေး
မတွဲချင်ပဲနေမလား ဖြစ်နိုင်ရင်တစ်သက်လုံးတောင်တွဲထားချင်တာ မဖြုတ်ပဲ အမြဲတမ်းပေါ့ လက်ကိုကိုင်ထားမယ်နော်
နှုတ်ခမ်းကြီးစူမနေပါနဲ့တော့ဆရာမလေးရယ် နော် ဆရာမနော်- အွန်း အွန်း ပြီးတာပဲ လာသွားရအောင်
- ဟုတ် ဆရာမ
ကိုယ်တွေနှစ်ယောက်လက်လေးတွဲပြီး ဗျောက်လေးတွေရယ် ဖယောင်းတိုင်လေးတွေရယ် မီးပုံးလေးတွေသွားဝယ်ကြတယ် ဝယ်လာတဲ့အထုပ်လေးကို ကိုယ့်ရဲ့အားနေတဲ့လက်နဲ့ကိုင်ခဲ့တယ်ဆိုပါတော့ ကိုယ်ချစ်ရတဲ့သူလေးကိုအပင်ပန်းခံခိုင်းပြီးသယ်ခိုင်းစရာလားနော့ ကျန်တဲ့လက်တစ်ဖက်ကတော့ ချစ်ရတဲ့ဆရာမလေးလက်ကိုကိုင်ထားရလို့မအားဘူးလေ
