29
အပြင်သွားပြီးပြန်လာတော့ အခန်းဝမှာဆရာမနဲ့ဆုံပြန်ရော
- ဘယ်လဲဆရာမ
- ပန်းဆီခနသွားမလို့လေ
- ဒီခြေထောက်ကဒဏ်ရာနဲ့လား မဖြစ်သေးပါဘူးကွာ ရော့ ဒီဗူးကိုင်ထား
- အင်း..အာ့ မိုင်းဘာလုပ်တာလဲ ပြန်ချပေး
အခန်းတံခါးကိုပြန်ပိတ်ပြီး ဆရာမကိုယ်လုံးလေးကိုဆက်ခနဲဆွဲပွေ့ချီလိုက်တာမို့ ဆရာမအနဲငယ်ကြောင်သွားတဲ့ပုံပဲ အတင်းရုန်းနေရှာတယ် ဆရာမကိုယ်လုံးလေးကကိုယ့်အတွက်ကလေးသည်လဲမဟုတ်ပါ အိမ်မှာဘာအလေးအပင်မှ မ မချင်တဲ့ကိုယ်ကဆရာမကိုယ်လုံးေလးကိုတော့ အချိန်မရွေးပွေ့ချီနိုင်ဖို့အားတွေရှိနေပြန်တယ်လေ အိပ်ရာပေါ်မှာထိုင်ခိုင်းထားပြန်တော့
ကိုယ့်ကိုမျက်စောင်းတထိုးထိုးနဲ့ကိုယ်သိပ်ချစ်ရတဲ့ဆရာမရယ်ပါ- မိုင်း မိုင်း မိုင်းလို့ တို့ခေါ်နေတယ်လေ
- ဟုတ် ပြောလေ ဆရာမ
- အဲ့တာဘာလုပ်နေတာလဲ အပေါ်မှာလာထိုင်လေ ဘာလို့တို့ရှေ့မှာလာပြီးဒူးထောက်နေတာလဲ
- အော် ဆရာမအတွက် ဖိနပ်သွားဝယ်လာတာ
ခုစီးပေးမလို့လေ ဒဏ်ရာလဲမထိအောင်သေချာရွေးဝယ်လာတာ- မိုင်းကတို့ကိုစိတ်ဆိုးပြီးထားသွားတယ်ထင်နေတာ
ဆရာမအသံမှာအနဲငယ်သိမ်ဝင်သွားတော့ကိုယ့်မှာ ကဗြာကရာဖြေရှင်းချက်တွေပေးမိပြန်တယ်
- ဆရာမကိုစိတ်ဆိုးလို့မဟုတ်ပါဘူး ဒီတိုင်းစိတ်မကောင်းဖြစ်မိလို့ပါ ခုနကလဲဒီဖိနပ်သွားဝယ်နေတာပါ စီးပေးမယ်နော်ရတယ်မလားဆရာမ
- အွန်း စီးပေးကြည့်လေ ရှင်လေးဝယ်လာတာ
တို့နဲ့sizeတော်မတော်သိချင်မိတယ်- အဲ့တာဆိုဆရာမသမီးကိုအထင်သေးရာကြသွားပြီ sizeမှားစရာအကြောင်းမှမရှိတာ
တွေ့လား ကွက်တိပဲမလား😉- အဲဟုတ်ပါရဲ့ မိုင်းကဘယ်လိုများတိုင်းပြီး
ဝယ်လာတာလဲ Thank Uနော်ဖိနပ်အသစ်လေးအတွက်ဆရာမရဲ့ဖြူဖြူဥဥေခြေထာက်ေလးနဲ့ကိုယ်ဝယ်လာတဲ့ဖိနပ်လေးကသိပ်ကိုလိုက်ဖက်နေလွန်းေနပြန်တယ် ဆရာမရဲ့သွေးကြောစိမ်းစိမ်းလေးတွေနဲ့ခြေချောင်းလေးတွေကိုကိုယ့်မှာချစ်မိရပြန်တယ်
