Be My Love Forever 8

1.2K 97 2
                                    

အလုပ်မှာလဲ စိတ်နဲ့လူနဲ့မကပ်တော့ အလွဲလွဲအမှားမှားဖြစ်နေတယ် ယုယုကတော့ကိုယ်နေမကောင်းဘူးထင်ပြီးအိမ်ကိုစောစောပြန်ခိုင်းပြီးနားခိုင်းခဲ့တယ် ကိုယ်ကလဲသိပ်မပြန်ချင်ပါဘူးလေ(အယ့်လယ်)😁 ဆရာမလေးကျောင်းပိတ်ရက်အိမ်မှာရှိနေမယ်ဆိုတဲ့အသိကလွှမ်းမိုးနေပြန်တယ် ကိုယ့်ဖေဖေသာသိရင်ဆူနေမှာသေချာပေါက်ပဲ အလုပ်ထဲအာရုံမစိုက်လို့ဆိုပြီးတော့ပေါ့

ညနေ3နာရီလောက်ကတည်းကရုံးဆင်းခဲ့လိုက်တယ် အပြန်ကျုံးဘေးနားကားရပ်ပြီး
သစ်ပင်ရိပ်အောက် သွားနေမိတယ်
ကိုယ့်ဆရာမလေးအရင်ကခနခနလာနေကြနေရာလေးပေါ့ တစ်ယောက်ထဲခနခနလာထိုင်နေတက်တဲ့ဆရာမ ဘာကြောင့်ခနခနလာလဲကိုယ်လဲအဖြေမရခဲ့ပြန်ဘူး
ကိုယ့်အတွေးတွေနဲ့အလုပ်ရှုပ်နေချိန် ‌

- ညီမလေး ညီမလေး အမတစ်ခုလောက်အကူညီတောင်းလို့ရလား

- ကိုယ့်ကိုပြောတာလား

-အင်း ညီမလေးကိုပြောနေတာ

- ဟုတ် အမ ဘာအကူညီလဲမသိဘူး

- အမ ဆိုင်ကယ်ဘီးပေါက်သွားလို့ အမက
ဒီမြို့ကိုရောက်တာမကြာသေးဘူးရယ်
ပြင်တဲ့ဆိုင်လဲမသိလို့ ပြီးတော့ အမပိုက်ဆံအိတ်နဲ့ဖုန်းလဲကျန်နေခဲ့လို့ အမအိမ်ကိုဖုန်းဆက်ချင်လို့ဖုန်းလေးခနဆက်လို့ရမလား ညီမ

* ခါး‌ေလာက်ရှိတဲ့ဆံပင်ရှည်နဲ့မြန်မာဝတ်စံုဝတ်ထားတဲ့ကိုယ့်ထက်အသက် ကြီးမယ့်မိန်းကလေးတစ်ယောက် လိမ်မယ့်ပုံစံလဲမဟုတ်ပြန်ဘူး ဆိုင်ကယ်ကလဲတကယ်ကို
လေပြားနေတာပဲ ကူညီလိုက်ပါ့မယ်လေ*

- ဟုတ်ရပါတယ် ဒါနဲ့ဒီလိုလုပ်ပါ့လား အမ
ဝပ်ရှော့ဆိုင်ကိုဆက်ပေးပြီးဘီးအရင်ဖာ
လိုက်ပါ့လား အိမ်ကို‌ေတာ့ဝပ်ရှော့ဆိုင်ကိုပဲလာခိုင်းလိုက်လေ

- အဲ့လိုလဲရပါတယ် ညီမပဲဆက်ပေးပါနော်

ကိုယ်လဲအသိထဲကဝပ်ရှော့ဆရာတွေဆီဖုန်းဆက်ပြီးအကျိုးအကြောင်းပြောလိုက်တယ်
သိပ်မကြာလိုက်ဘူးဝပ်ရှော့ကလူနှစ်ယောက်ဆိုင်ကယ်တစ်စီးနဲ့ရောက်လာခဲ့တယ်
ဘီးပေါက်နေတဲ့ဆိုင်ကယ်ကိုဝပ်ရှော့ကိုယူသွားမှဖြစ်မယ်ဆိုလို့  သူတို့နှစ်ယောက်ဆိုင်ကယ်ကိုယူသွားခဲ့ကြတယ် အဲ့အမကိုတော့ကိုယ့်ကား‌နဲ့ဝပ်ရှော့ကိုပို့ပေးခဲ့ရတယ်

Be My Love ForeverWhere stories live. Discover now