- ဂျူး ရှိလား ညီမလေး
- မရောက်သေးဘူးမမခြူး မဂျူးကနဲနဲနောက်ကျမယ်လို့ညီမကိုပြောထားတယ်
- အင်း စောင့်လိုက်ပါ့မယ်
- မမခြူး ဘာသောက် မလဲ
- Black Coffee ပဲပေးပါ
တစ်အောင့်ကြာတော့
- ဟယ် ခြူးမ ကြားသားမိုးကြိုး ငါ့ဆီအစောကြီးရောက်လို့ပါလား မိုးတွေရွာတော့မှာပဲ ထီသွားထိုးမှနဲ့တူတယ် အော်မေ့နေတာနင် CEOဖြစ်သွားပြီလေ ဘာလို့ဒီမှာအလေလာလိုက်နေတာလဲ သွားတော့အလုပ်ဆီ
- 😒 မလာလို့လဲ မလာလို့ လာတော့လဲမောင်းထုတ်နေပါလား နင်ကဘယ်လိုဟာလေးလဲဟင်
- ဘာဖြစ်လာတာလဲနင့်ကြည့်ရတာတမိုင်မိုင်နဲ့ညကမအိပ်ဘူးလား တစ်ညလုံးကဲလာတာလား
- မကဲရပါဘူးဟာစိတ်ရှုပ်လို့ဟ မနေ့ညကဖေဖေငါ့ကိုCEOအဖြစ်ကြောညာတာ1နာရီ
မပြည့်သေးဘူး စစ်ကြေညာခံလိုက်ရတာဟေ့- ဘယ်လို
- ကိုသူရမောင် သူဆရာမကိုသိနေတယ် သူနဲ့ဘယ်လိုပတ်သက်နေလဲေတာ့ငါမသိဘူး ငါ့ကိုလဲပြောသွားေသးတယ် ရွေးချယ်စရာ
နှစ်ခုထဲကတစ်ခုကိုသေချာပေါက်ရွေးချယ်
ရမယ်ဆိုဘယ်အရာကိုရွေးမလဲတဲ့ CEOလေးသေချာအောင်ရွေးနိုင်ပါ့မလားတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ကလေးတစ်ယောက်ကို
ဘယ်သူကယုံကြည်အားကိုးရဲပါ့မလဲတဲ့
ပြီးတော့ပြောသေးတယ်ကိုယ်လိုချင်တဲ့အရာကို ကလေးတစ်ယောက်နဲ့ပြိုင်လုရမယ်လို့မထင်ခဲ့ဘူးတဲ့- အဲ့အကောင်ကအဲ့လိုပြောသွားတာလား ဘယ်ကောင်လဲငါသွားဆဲမယ်
- ငါပြောတာဆုံးအောင်နားထောင်အုန်းဟ
မဆဲနဲ့အုန်းနင့်ကိုစုံစမ်းခိုင်းမာငါက- အော် ငါ့ကိုအလုပ်လာပေးတာပေါ့လေ
- ဘာလဲနင်မလုပ်ချင်ဘူးလား စပ်စပ်စုစုအလုပ်တွေနင်ဝါသနာပါတယ်မဟုတ်လား
မလုပ်ချင်လဲမစုံစမ်းခိုင်းတော့ပါဘူးလေ- ဟီးးး နင်ကလဲငါစပ်စုရတာ သ ေဘာကျတာသိရဲ့သားနဲ့ ပြောပါအုန်းအဲ့ကောင်နောက်ထပ်ဘာပြောသေးလဲ
