7
တီးတောင် ..တီးတောင်
"ခနလေးလာပြီဗျို့ စောကြီးရှိသေးတယ် ဘယ်သူလဲမသိဘူး😤
"ဟင် ဆ .ရာ.. ဆရာမ "
"အမလေး တို့ကအဲ့လောက်တောင်ကြောက်ဖို့ကောင်းနေတာလား "
"ရုတ်တရက်ကြီးမလို့ပါ😁 ဒါနဲ့ဆရာမ ဘာကိစ္စရှိလို့လဲဟင် "
"ကိစ္စရှိမှလာရမှာလား တို့က"
"မဟုတ်ပါဘူး လာလို့ရပါတယ် တကယ်ပြောတာပါ"
"အလကားစနေတာပါ တို့အမေပြောလို့ မင်းအိမ်နားကဈေးဝယ်ချင်ေပြာတယ်ဆိုလို့ တို့သွားမလို့ ဘာမှာချင်လဲ"
"မမှာတော့ဘူး ဆရာမ ခုသွားမလို့လားဈေးက"
"Omm ခုသွားမလို့ မှာစရာမရှိရင်လဲပြန်ပြီ"
"ခနလေး မှာစရာတော့မရှိဘူး ဈေးလိုက်ခဲ့ချင်လို့ရလား ဆရာမ"
" ရတယ်လေ ဝယ်စရာအများကြီးမရှိဘူးတို့ကလဲ"
"ဟုတ်လိုက် မယ် ဒီဆိုဖာပေါ်ခနလေးစောင့်ပေးနော် အဝတ်ခနလဲချင်လို့"5မိနစ်ကြာပြီးနောက်
"ရပြီသွားမယ်ဆရာမ"
"ဒီနားလာအုန်း ဘယ်လိုဝတ်လာတာလဲ
အကျီကြီးက ကော်လံအထဲဝင်နေတယ်"ဆိုပြီး ကိုယ့်အကျီကိုသေချာပြန်လုပ်ပေးနေတဲ့ဆရာမရယ်ပါ
*အရပ်မမှီတမှီနဲ့ ကိုယ့်အကျီကော်လံကို
လာကိုင်တဲ့ဆရာမလေးကို ကိုယ်ကအချစ်ပိုမိနေပြန်တယ်*"ဟိုဟာ မြန်မြန်ဝတ်လိုက်လို့ပါ 😁"
"၇နာရီထိုးနေပြီနေမမြင့်ခင်သွားရမယ်"
"ဟုတ် ဆရာမ"ကိုယ့်အိမ်တံခါးတွေသေချာခတ်ပြီး အိမ်နဲ့
မနီးမဝေးမှာရှိတဲ့ ရပ်ကွက်ဈေးလေးကိုသွားခဲ့ကြတယ်"ဆရာမ အဲ့ခြင်းတောင်းပေး သမီးသယ်ပေးမယ်"
"ဘာမှမထည့်ရသေးဘူး မလေးပါဘူး သမီးရယ်"
"ပေး သယ်ပေးပါမယ်ဆို "
"ဟုတ်ပါပြီ သယ်ပါရှင့် နှုတ်ခမ်းကထော်နေပြီနော်"
"ဟာ မထော်ပါဘူး"ဈေးထဲရောက်ပြီဆိုတာနဲ့ကိုယ့်အတွက်တော့အထူးအဆန်းတွေဖြစ်နေပြန်တယ် တစ်ခါမှရပ်ကွက်ဈေးလေးထဲဝင်ဝယ်ဖူးတာမဟုတ်
Oceanတို့Supermarketတွင်သာဝယ်ဖူးနေကြ အိမ်မာနေတုန်းကလဲ ဈေးဝယ်သွားဖို့
လူကသပ်သပ်ရှိနေပြီးစားချင်တာမှာယုံပဲ
ဆရာမနဲ့အတူသွားချင်လို့ဆရာမအမေကိုရပ်ကွက်ထဲကဈေးဘယ်နားမှန်းမသိလို့သွားချင်နေတာမသွားရဘူးလို့ပြောမိခဲ့တာပါ😁
