Be My Love Forever 19

1.2K 101 1
                                    

- ခြူးလေး တံခါးဖွင့်စမ်း ခြူး ခေါ်တာကြားတာ

- မမပန်း

- ဘယ်လိုဖြစ်တာလဲခြူးရဲ့ မနန်း ခြူးကိုဆူနေတာ‌ေတာ့တွေ့တယ် မငိုနဲ့တော့ခြူးလေး

- မမပန်း ..ဟင့်..သမီးကိုဆရာမမုန်းသွားပြီလားမမပန်း သမီးကိုမုန်းတယ်တဲ့ ထပ်မမြင်ချင်ဘူးတဲ့ဆရာမက ...

- မနန်းက ခြူးကိုမမုန်းပါဘူးခြူးရယ့်
ဟင်...ခြူးး ခေါင်းမှာသွေးတွေ ဘယ်လိုဖြစ်တာလဲခြူး

ကားထဲငိုကြွေးနေတဲ့ကိုယ့်ကိုမငိုဖို့နှစ်သိမ့်ပေးနေတယ့်မမပန်းရင်ခွင်ထဲငိုကြွေးနေမိတယ်
ကိုယ့်ခေါင်းမှာသွေးတွေထွက်နေမှန်း
မသိအောင်ကို သတိလက်လွှတ်ဖြစ်နေတဲ့ကိုယ်ပါ

- သမီးခေါင်းကိုအနောက်ကနေကိုသီဟစိုးကသံတုတ်နဲ့ရိုက်တာမမပန်း သူ့နောက်တစ်ခါထပ်ရိုက် မလို့ကိုယ်ကပြန်ထိုးလိုက်တာ အဲ့ချိန်ကျတော့ဆရာမ‌ကတွေ့ပြီး ကိုယ့်ကိုစိတ်ဆိုးသွားတာမမပန်း ကိုယ်တွေအရမ်းဝမ်းနည်းတာပဲမမပန်း မျက်ရည်တွေလဲသူ့ဘာသာကျနေတာထိန်းလို့မရဘူးမမပန်း

- ဆေးရုံသွားမယ်ခြူး.. ပန်းဆိုင်ကယ်အဒေါ်တို့ကိုပဲလာယူခိုင်းလိုက်တော့မယ် ..ခြူး Driver seatကနေဆင်းခဲ့လိုက် ...ဖြည်းဖြည်းခြူးရဲ့

မမပန်းကိုယ်တိုင်ကိုယ့်ကား‌ေမာင်းပြီးကိုယ့်ကိုဆေးရုံပို့ပေးခဲ့တယ် ဆေးရုံရောက်တော့3ချပ်ချုပ်လိုက်ရတယ် သွေးထွက်
မလွန်တာကံလို့ပဲပြောရမလား
ဆရာမလဲခုချိန်ဆေးရုံမှာကိုသီဟစိုးကိုဂရုစိုက်နေမှာလေဆိုတဲ့အတွေး‌ေတွကြောင့်ခေါင်းကပိုပြီးကိုက်ခဲလာတယ်

*ကိုယ်ကဆရာမအတွက်အဖြည့်ခံဖြစ်သလို
ဗီလိန်လူဆိုးကြီးတစ်ယောက်လဲဖြစ်နေပါလား*

- မမပန်း ဆေးရုံကဆင်းလို့ရလား

- မဖြစ်ပါဘူးဆင်းလို့ ခြူးကမနေချင်လို့လား

- ဟုတ်မနေချင်ဘူးဆေးရုံမှာ နေရတာ
ိမကြိုက်ဘူး ခေါင်းပိုကိုက်လို့ပါမမပန်း

- ခြူးမိဘတွေခေါ်လိုက်ပါလား သူတို့ကိုလဲအကျိုးကြောင်းပြောပြထားလေခြူးရဲ့

Be My Love ForeverWhere stories live. Discover now