- မိုင်း ပန်းနဲ့ဂျူးထွက်သွားတာကြာပြီပြန်
မလာသေးဘူး သူတို့အဆင်ရောပြေကြရဲ့လား
မသိဘူး လိုက်သွားကြမလား- မလိုက်ပါနဲ့ ဆရာမ ဇာတ်လမ်းလဲပြီးတော့မှာပါ
- အွန်းပါ သဘောပါရှင့်
ကိုယ့်ဘေးနားကဆရာမကိုခိုးကြည့်ရလွန်းလို့လည်ပင်းတောင်စောင်းချင်နေပြီ ဆရာမကတော့ ရုပ်ရှင်ကိုသာအာရုံရောက်နေတယ် သူေလးက ပေါက်ပေါက်ဆုတ်ဘူးလေးနဲ့လဲအလုပ်ရှုပ်နေပြန်တယ်
- အေးလားမိုင်း
ဆရာမကကိုယ့်ဘက်လှည့်မကြည့်ပဲမေးနေပြန်တယ်
- မအေးပါဘူး ဆရာမ ဆရာမအေးလို့လား သမီးအကျီယူထားလိုက်ပါလား
- တို့မအေးပါဘူး မိုင်းကြည့်ရတာအေးနေသလားလို့
- မအေးပါဘူး
- ဟုတ်လား
ကိုယ့်ရဲ့ဘယ်ဘက်ပါးပေါ်ရုတ်တရက်ရောက်လာတဲ့ဆရာမရဲ့ေအးစက်ေနတဲ့လက်ကလေး
ကိုယ့်မှာအေးစက်စက်အထိကြောင့်လူတောင်တုန်ချင်သွားတယ်- ဟွန့် နွေးနေတာရောသူလေးက
ကိုယ့်မှာဆရာမရဲ့စကားနဲ့ သူရဲ့ဆူပုတ်ပုတ်ဖြစ်သွားတဲ့မျက်နှာအမူအရာကြောင့် ရီချင်မိသွားတာကိုမနဲ့အောင့်အီးလိုက်ရတယ်
- အယ် ကိုယ့်ဘာသာနွေးနေတဲ့သူကအပြစ်ဖြစ်ရောလား ဆရာမအေးနေလို့မလား မလိမ်နဲ့နော်
- အဲလောက်ထိလဲမအေးပါဘူးနော်- အပိုတွေပြောမနေပါနဲ့တော့ ရော့ သမီးကုတ်
အကျီဝတ်ထားလား သမီးကမအေးဘူးနော် အကြောင်းသိလို့အကျီထူထူဝတ်လာတာတကယ်တော့အပြင်မှာအပူခံပြီးကိုယ့်ဆရာမအတွက်ဆိုပြီး အကျီလက်ရှည်ပေါ်မှာcoatတစ်ထပ် အပိုဝတ်လာတာပါ ကိုယ့်ဆရာမရဲ့အကြောင်းကိုသိနေခဲ့လို့လေ
(အနွေးထည်မဝတ်ချင်တဲ့ဒေါ်နန်းရတီမေ😑)- ပြီးရောေလ တို့ဝတ်ထားလိုက်တော့မယ် မိုင်းက မအေးတာသေချာပါတယ်နော်
- ဟုတ် သေချာပါတယ်ရှင့် ဒါပေမယ့်ဆရာမ သမီးလက်ကကြအေးနေတာရော
