ပန်း - ခြူးလေးနိုးလာပြီလား သက်ရောသက်သာလား
ခြူး - ဟုတ်မမပန်း
နန်း - မိုင်း နေကောင်းသွားပြီလား ကိုယ်ပူမပူစမ်းကြည့်ရအောင်
ခြူး - ရတယ်ဆရာမ သမီးဘာမှမဖြစ်ဘူး
ကိုယ့်နဖူးပေါ်ရောက်လာတော့မယ့်ဆရာမလက်လေးကိုကိုယ်ရှောင်လိုက်တယ် ဆရာမကကိုယ့်ကိုချစ်လို့ဂရုစိုက်နေတာမဟုတ်ဘူးဆိုတဲ့အတွေးတွေကြောင့်အခန်းထဲမှာလဲတစ်ရေးမှ
မအိပ်ခဲ့လိုက်ရပါခြူး - မမပန်း ဘာလုပ်နေတာလဲသမီးရောကူလုပ်ပေးမယ်လေ
ပန်း - ညစာအတွက်ပြင်ဆင်နေတာခြူးရဲ့ ဒေသထွက်အစားစာတွေခြူးလေးတို့ကြိုက်မယ်ထင်တယ်
ခြူး - ဟုတ်ကြိုက်တယ်မမပန်း
ပန်း - မနန်း ကွပ်ပျစ်မှာသွားနားနေပါလား အဲ့မှာမနွယ်တို့ ဆရာအောင်တို့လဲရှိတယ်လေ
ခြူး - ဟုတ်တယ်ဆရာမ သွားနားနေလိုက်ပါ အားလုံးပြင်ဆင်ပြီးမှခေါ်လိုက်မယ်လေ
နန်း - တို့လဲကူညီပေးချင်တာပေါ့ အဲ့နားလဲ
မသွားချင်ဘူးပန်း - ပန်းက မနန်းနားရအောင်ပြောတာပါ ဒီမှာကူမယ်ဆိုလဲနေပါရှင့်
နန်း - ဟုတ်ပါပြီ
ခြူး - မမပန်း အိမ်ဝန်းကအကျယ်ကြီးနော် အပင်တွေလဲအများကြီးပဲ
ပန်း - ခြူးလေးကသဘောကျလို့လား
ခြူး - ဟုတ်အရမ်းသဘောကျတာ အပင်တွေအများကြီးနဲ့ခြံဝန်းလေးကို
ပန်း - အဲ့တာဆိုလဲ မပြန်နဲ့တော့လေဒီမှာပဲလာနေလိုက်တော့လေ
ခြူး - ဟားး လာနေခိုင်းပြီး ပြီးမှအတင်းပြန်နှင်လွှတ်နေမှာမြင်ယောင်နေတယ်
ပန်း - အဲ့လိုတော့ မလုပ်ပါဘူးနော်
နန်း - အာ့
ခြူး - ဆရာမဘာဖြစ်တာလဲ လက် မှာသွေးတွေနဲ့
ပန်း - မနန်းလက်ဓါးရှသွားတာလား ပန်းဆေးဘူးသွားယူလိုက်အုန်းမယ်
ခြူး - အဲ့ဓါးကြီးမကိုင်နဲ့တော့ အဲ့တာကြောင့်ပြောတာဆရာမကို နားနေပါလို့ အရမ်းနာေနလားဆရာမ ရေဆေးရအောင် သွေးတွေလဲအများကြီးပဲ မဖြစ်ပါဘူး ခုပဲဆေးရုံသွားရအောင်
