- မိုင်း တို့ကိုဒီတိုင်းပဲဖက်ထားမလို့လား ပြောစရာရှိတယ်ဆို မိုင်း မိုင်း
- အာ ဟုတ်သားပဲ sorryပါဆရာမ
ကိုယ့်ရင်ခွင်ထဲတင်းကြပ်စွာဖက်ထားတဲ့ဆရာမကိုယ်လုံးလေးကိုလွှတ်ပေးလိုက်တော့ ဆရာမကကိုယ့်ကိုနားမလည်တဲ့မျက်လုံးလေးတစ်စုံနဲ့စိုက်ကြည့်နေပြန်တယ်
- မိုင်း နေရောကောင်းရဲ့လား မိုင်းကြည့်ရတာ ချွေးတွေတောင်ပြန်နေသလိုပဲ
- ကောင်း ကောင်းပါတယ်ဆရာမ
ကိုယ်ဖက်ထားတုန်းကသတိလက်လွှတ်ဖက်ထားမိပြီး ခုတော့ ဆရာမရှေ့မှာ ရင်ခုန်သံနှုန်းတွေမြန်နေပါရောလား
- မိုင်းခုနကဘာပြာမလို့လဲတို့ကို
- ဆရာမ ကိုချစ်တယ်ဆရာမ သမီး9တန်းကတည်းကဆရာမကိုချစ်မြတ်နိုးခဲ့ရတာပါဆရာမ... သမီးစိတ်ကစားခဲ့တာမဟုတ်ပါဘူး သမီးရဲ့ နှလုံးသားထဲကနေ နက်နက်နဲနဲကိုချစ်ခဲ့ရတာပါ... သမီး အချစ်ဆိုတဲ့ခံစားချက်ကိုဆရာမကြောင့်ပဲခံစားမိခဲ့တာပါဆရာမ...
ဆရာမသမီးကိုပြန်ချစ်ဖို့လဲ အတင်းမတိုက်တွန်းပါဘူး ဆရာမရဲ့သဘောဆရာမရဲ့ဆန္ဒအတိုင်းပဲသမီးလက်ခံမှာပါဆရာမ... ဆရာမတစ်ယောက်ထဲရဲ့နာမည်ကိုပဲသမီးရဲ့နှလုံးသားကအကြိမ်ကြိမ်ခေါ်နေမိတယ်
အဲ့တာအချစ်ဆိုတဲ့အရာမဟုတ်လားဆရာမ..
သမီးဆရာမကိုချစ်နေမိပြီဆရာမ ရူးရူးသွပ်သွပ်ကိုချစ်နေမိတာပါ...သမီးရဲ့အချစ်ကဆရာမရဲ့ဖြစ်တည်မှုသေးသေးလေးကအစ
ဂရုစိုက်ပေးပြီး ဆရာမအနားကနေဘယ်မှထွက် မသွားပဲ အမြဲချစ်ေနပေးမယ့်အချစ်မျိုးပါ....
ချစ်တယ်ဆရာမ ဆရာမကိုချစ်တယ် ပြောမပြတက်အောင်ဆရာမကိုသမီးချစ်မိနေပြီဆရာမ...ထိုစကားများသည် မိုင်း တစ်ယောက်စိတ်ထဲကနေတတွတ်တွတ်ပြောနေခဲ့ခြင်းသာ တကယ်အပြင်မှာပြောထွက်သွားတာကတော့
- ဆ ဆရာမ သမီးကိုသတိရနေလို့ဖက်ထားမိတာပါ ပြီးတော့ဆရာမ ရေချိုးခန်းကထွက်လာတုန်းကအရမ်းမွှေးကြိုင်နေလို့ အနံ့လေးကြိုက်လို့ ရုတ်တရက်ဖက် မိသွားတာပါဆရာမ
- မိုင်းက တို့သုံးတဲ့အနံ့လေးကြိုက်တာလား
တို့ဘာမှသုံးမလာပါဘူး မျက်နှာသစ်ဆေးလေးပဲသုံးလာတာပါ
