Be My Love Forever 22

1.4K 97 9
                                    

ကိုယ်ချစ်ရတဲ့ဆရာမလေးကအိမ်ကိုညစာလာစားဖို့ဖုန်းဆက်ခေါ်ထားတာမို့ ကိုယ့်ကိုကိုယ်ကြည့်ကောင်းအောင်ပြင်ဆင်နေမိပြန်တယ်
အကျီလက်ရှည်အဖြူနဲ့ ဘောင်းဘီအရှည်အမဲဝတ်ပြီးမှန်ရှေ့မှာရပ်နေတဲ့ကိုယ်က Lady Boss
စတိုင်ဖြစ်နေပြန်တယ် ကိုယ့်အရပ်နဲ့ပုံစံကမိန်းကလေးရောယောက်ျားလေးပါကြိုက်တဲ့ပုံစံဖြစ်နေပေမယ့် ဆရာမတော့အဲ့ထဲပါမယ့်ပုံလဲမပေါ်ပြန် ဆရာမကြိုက်တဲ့Typeကဘယ်လိုပုံစံလဲဆိုတာတော့သိချင်မိတယ်လေ 

ကိုယ့်မျက်နှာကဒဏ်ရာကအရှင်းတော့မပျောက်သေးတာမို့ မိတ်ကပ်နဲ့ဖုံးဖိနေရပြန်တယ် ဆရာမဆီသွားချင်စောနဲ့နာရီကိုတကြည့်ကြည့်လုပ်‌နေမိတယ် 7နာရီထိုးပြီဆိုတာနဲ့ဆရာမအိမ်လေးဆီအပြေးသွားမိတယ် Bellလေးကိုနှိပ်တော့ ကိုယ်အရမ်းချစ်မြတ်နိုးရတဲ့ဆရာမလေးကကိုယ့်ကိုတံခါးလာဖွင့်ပေးတယ် ဆရာမမျက်နှာမှာလဲချစ်စရာအပြုံးလေးနဲ့ ကိုယ့်ကိုပြုံးပြနေတဲ့ဆရာမကိုကိုယ်လဲပြုံးဖြီးပြီးစိုက်ကြည့်နေမိတယ်

"ဆရာမအပြုံးချိုချိုလေးတွေကို
ကိုယ့်အတွက်ပဲဖြစ်စေချင်မိတယ်
အတ္တကြီးသလိုများဖြစ်သွားပြီလား"

ဆရာမကထဘီနဲ့ရင်ဖုံးသာဝတ်ထားပြန်တယ် ဆံထုံးထုံးထားတဲ့ဆရာမကကျက်သရေရှိပြီး
လှချင်တိုင်းလှပနေတယ် Apronအနီလေးဝတ်ထားပုံအရဆိုရင်ဆရာမကညစာပြင်ဆင်ရင်းတန်းလန်းထွက်လာပံုရတယ်

- မိုင်း မိုင်း ကလေးမလေး တို့ခေါ်နေတယ်လေ

- ဟမ် ဆရာမ

- ဟော်တော် ဒီကလေးမလေးကအမြဲအဲ့လိုပဲနော် ခေါ်တာလဲမကြားဘူး ဘာတွေတွေးနေပြန်ပြီလဲ မိုင်း

- ဘာမှမတွေးပါဘူးဆရာမ

- မိုင်း ဒီကိုပြေးလာတာလား

- ရှင်   ဆရာမဘယ်လိုသိတာလဲ

- ပြေးလာတာဟုတ်နေပြန်တယ်ပေါ့ မိုင်းကိုကြည့်ရ‌တာ အဲ့လိုထင်လို့မေးကြည့်တာပါ

- ဟို ဟိုဟာ နဲနဲလေးပဲပြေးလာတာပါ

-မိုင်းရယ်ပြောလဲပြောတက်ပါ့ ပြေးတာတောင်နဲနဲလေးပဲပြေးလာတယ်ဆိုပဲ
မိုင်း ဖြည်းဖြည်းလာလဲရပါတယ် ပြေးလာလို့လမ်းမှာချော်လဲနေရင်ဒိီလမ်းကြားထဲနာမည်ကြီးနေအုန်းမယ်နော် ကြားလား နောက်ခါ အရမ်းမပြေးနဲ့

Be My Love ForeverWhere stories live. Discover now