* Unicode *
"အမေ မုန့်ဖိုးပေးပါဦး "
"ဒီလ တော်တော် မုန့်ဖိုးတောင်းနေတယ်နော် သမီး"
"အမေကလည်း တက္ကသိုလ် စကန်းရီးယားကျောင်းသားပဲဟာ နည်းနည်းတော့ သုံးမှာပေါ့။ ဘာလဲ တစ်ဦးတည်းသောသမီးလေးကို အမေက ငြိုငြင်တာလား ပြော"
"အမလေး ပြောလိုက်ရင် ဒရာမာက စချိုးပြီး။ တကယ့် အဖေတူသမီး"
"ဟောဗျာ။ မောင်က ဘယ်က ပါလာပြန်တာတုန်း။"
company သွားဖို့ ဝတ်စုံပြည့်နဲ့ အခန်းထဲ ထွက်လာတဲ့ အဖေက အမေ့ကို လှမ်းစနေတယ်။Lisa's pov: ' မနဲ့မောင်နဲ့ ဇာတ်လမ်းကလည်းနော်။ မိဘတွေဆိုတော့ အတွဲတွေ ပြတ်စမ်းလို့ ပြောလို့လည်းမရဘူး။ အမလေး နာကျင်မှုတွေ နာကျင်မှုတွေ '
" မောင့်သမီးက ဒီလ မုန့်ဖိုး အရမ်းသုံးနေလို့မောင်ရေ"
"တစ်ယောက်ထဲရှိတာ မိန်းမရယ်။ ပေးသုံးလိုက်ပါ။ သမီးလည်း လူကြီး ဖြစ်လာပြီဘဲ"
"ဒါမှ Lice ရဲ့ အဖေကွ။"
"ဟုတ်ပါပြီ။ မဟုတ်တဲ့ နေရာမှာတော့ မသုံးနဲ့ပေါ့။ လိမ္မာရင် မွေးနေ့ကျ ကားလဲပေးဦးမှာ"
"Yayyyy "
အသက်လေးဆယ်ကျော် ဇနီးမောင်နှံနဲ့ နှစ်ဆယ်ပြည့်တော့မယ့်သမီးလေးတို့ရဲ့ ပျော်စရာမိသားစုလေးပေါ့။ Manoban မိသားစုရဲ့ တစ်ဦးတည်းသောသမီးမို့ အရပ်ရှည်ရှည်နဲ့ ပိန်ပိန်ပါးပါး Lalisa manoban ဆိုတဲ့ ကောင်မလေးဟာ သူ့မိဘတွေရဲ့ အချစ်ခံကောင်မလေး။ နည်းနည်း မိန်းမသိပ်မဆန်တဲ့ သူ့ပုံစံကြောင့် Mr.manoban ဆိုတဲ့ သူမဖခင်အတွက် သားတစ်ယောက်လိုရော သမီးတစ်ယောက်လိုရော ဖြစ်တည်မှုမျိုးပါ။ အိမ်နာမည်တောင် ဆယ့်နှစ်မျိုးလောက်ရှိတယ်။ အဲ့အထဲက Lice ကတော့ Lisa အကြိုက်ဆုံး နာမ်စားလေးပါပဲ။
YOU ARE READING
I love you, Professor (U+Z)[COMPLETED]