Part 12

5.9K 499 29
                                    

* Unicode *

Jen အိပ်မလို့ စောင်ခြုံလိုက်တဲ့အချိန် ဟိုဘက်လှည့်ထားတဲ့ Lisa ဆီက သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရတယ်။

ဒီကောင်မလေး ညနေကတည်းက မျက်နှာလည်းမကောင်း။ ဘာကိုအလိုမကျနေမှန်းမသိ။

Lisa တကယ်တော့ ထမင်းဆိုင်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို ဘယ်လိုမှ ကျေနပ်မနေပါဘူး။ အခုအချိန်ထိ ဟိုငနဲကို ဆွဲထိုးချင်နေတုန်း။

သူက လက်ထပ်ထားတာ ၊ Prof ကို သူကာကွယ်ရမှာ။ သူ့မျက်စိရှေ့မှာတင် Prof ကို ထိကပါးရိကပါး  လုပ်သွားတာကြီးက  ပြန်တွေးတိုင်း သူ့ကို စိတ်တိုစေတယ်။

ဟူး ။ မရတော့ဘူး Gym သေချာဆော့ရမယ်။ ကိုယ်ခံပညာလည်း သင်ရမယ်။

သုံးခါမြောက် Lisa ဆီက သက်ပြင်းချသံကြားရတော့။ Jen Lisa ကျောကို လက်နဲ့ထိပြီး

"Lisa အိပ်မရဘူးလား။ တစ်ခုခုဖြစ်လို့လား"

" ဟင့်အင်း ။ ဘာမှမဖြစ်ပါဘူး။ Prof အိပ်လေ "

" မနက်ဖြန် အပြန်ကျ ကားမောင်းရင် အိပ်ရေးမဝဘဲနေဦးမယ် အိပ်ပျော်အောင်အိပ်လိုက်"

" ဟုတ် Prof ၊ ခနနေ အိပ်မှာပါ"

" အင်းအင်း အေးနေတယ် စောင်သေချာခြုံဦး။ Good night "

" ဟုတ် Prof. Good night "

ခနကြာတော့ Prof အိပ်သွားသလို ဟိုဘက်ခြမ်းက Unnie Soo လည်း အိပ်သွားပြီ။ အိပ်မရတာက Lisa။ တောင်တွေးမြောက်တွေးနဲ့ သူ့စိတ်တွေကို ထိန်းပေမယ့် အဆင်မပြေပါဘူး။ စိတ်ကတိုနေဆဲ။

တော်တော်ကြာကြာ နဖူးပေါ် လက်တင်ပြီး ' ငါက Prof ကို ကာကွယ်ချင်တာလား။ သဝန်တိုတာလား။ ဘာကြီးလဲဟာ အစ်မတစ်ယောက်လိုလား အိမ်ထောင်ဖက်လို သဘောကျလာတာလားလည်းခွဲမတတ်တော့ဘူး။ ပြီးတော့ ဒီနှစ်အတွက် ငါ့ရဲ့ Professor လည်းဖြစ်နေသေးတယ်ရူးတော့မှာပဲ'

ရွာထဲပိုင်းက ကြက်တွန်သံတွေကြားရတယ်။ မနေ့က သူ့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလို့ မကြားခဲ့ရတဲ့အသံဘဲ။ ခေါင်းရင်းမှာထားထားတဲ့ Ph ကို ယူကြည့်လိုက်တော့ ၄ နာရီတောင်ထိုးပြီ။

I love you, Professor (U+Z)[COMPLETED]Where stories live. Discover now