Part 13

5.5K 482 54
                                    

*Unicode *

ဘယ်သူထင်မိမှာလဲ နွေးထွေးမှုတွေအစပြုနေဆဲ အခြေအနေကောင်းနေတဲ့ အိမ်ထောင်ရေးတစ်ခုက ခပ်မြန်မြန်ပဲ ပြန်အေးစက်သွားလိမ့်မယ်လို့။

Lisa ဟာ ဒီနောက်ပိုင်း ကျောင်းက ပြန်ရောက်တာနဲ့ သူ့အခန်းထဲတန်းဝင်ပြီး တစ်ညလုံး အခန်းအောင်းတတ်လာတယ်။ မနက်ကျ ကျောင်းထသွား။

ပိတ်ရက်တွေကျ တစ်နေ့လုံး ချယ်ယောင်းအိမ်မှာသွားနေပြီး ညနေမှပြန်လာ ပြီးရင် အခန်းထဲ တန်းဝင်နဲ့။

Jen ဘက်မှာတော့ ဒီအခြေအနေကြီးက စိတ်မသက်မသာ အနည်းငယ် ဖြစ်စေပေမယ့် Lisa က သူ့ကိုလုံးဝကြီးရှောင်နေတာမို့ သူ့ဘက်ကလည်း အလိုက်သင့်ပဲ နေပေးလိုက်ပါတယ်။

ဒီမနက်လည်း Lisa က အစောကြီး ကျောင်းကိုအရင်ထွက်သွားပြန်ပြီ။ Jen လည်း ကျောင်းသွားရမယ့်အချိန်ရောက်တော့ ကျောင်းသွားပြီး အတန်းတွေဝင်ပေါ့။

Lisa ရှိနေတဲ့အတန်းကို ဝင်တဲ့အချိန်ဆိုလည်း Lisa က စာအုပ်ကိုပဲ ငုံ့ကြည့်ပြီး သူ့ကို မော့တောင်မကြည့်။ Jen လည်း ဘာကိုမှ နားမလည်တော့ပါဘူး။

နေ့လည်စာစားချိန်ကျတော့ ဌာနက ဆရာမတစ်ယောက်က သူ့မွေးနေ့ မုန့်ကျွေးချင်တယ်ပြောလို့ ကျောင်းနားက စားသောက်ဆိုင်ကို Jen တို့ သွားဖြစ်ကြတယ်။

သွားမယ့်လူ အားလုံးပေါင်းက ငါးယောက်ပါ ကျန်တဲ့သူတွေက အချိန်ပိုဝင်ဖို့ရှိနေကြလို့ မလိုက်တော့ဘူးတဲ့ အဲ့ထဲက နှစ်ယောက်က ပါချုပ်ခေါ်လို့ ရုံးခန်း ခနသွားကြရသေး။

အဲဒါနဲ့ဘဲ Jen ရယ် မွေးနေ့ရှင် ဆရာမရယ် ဆရာဒဲရစ်ရယ် သုံးယောက်သား အရင်ဆုံးဆိုင်ကို သွားလိုက်ကြတယ်။ ဟိုဆရာမနှစ်ယောက်က ပြီးရင် လိုက်လာမှာ သူတို့စားမယ့်ဟာတွေကိုတောင် မှာခိုင်းလာသေး။

မှန်အကြည်ကာထားတဲ့ ဆိုင်လေးရဲ့ လမ်းမဘက်ခြမ်းက စားပွဲမှာ နေရာယူလိုက်ကြတယ်။ Jen ကတော့ လမ်းမကို ကျောခိုင်းပြီး ထိုင်နေတာပါ။ မျက်နှာချင်းဆိုင်မှာ ဆရာဒဲရစ်။ ဘေးမှာတော့ မွေးနေ့ရှင်ဆရာမ။

စားစရာတွေ မှာထားပြီး စောင့်နေတုန်း မွေးနေ့ရှင်ဆရာမက သန့်စင်ခန်းထွက်သွားလေရဲ့။

I love you, Professor (U+Z)[COMPLETED]Where stories live. Discover now