Part 20

6.7K 529 52
                                    

*Unicode *

ဒဲရစ်ရဲ့မိသားစုနဲ့တွေ့မယ့်နေရာကို Lisa ကိုပါခေါ်သွားဖို့ Jen စီစဥ်ထားတာပါ။ Lisaကို နည်းနည်းသင်ခန်းစာပေးချင်လို့ သွားခါနီးရက်မှပြော​ပြလိုက်မယ်လေဆိုပြီး လုပ်ထားတာ။

ဒါပေမဲ့ မနေ့ကသိကြတဲ့အတိုင်း ဆိုဖီယာနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတဲ့ ကိုယ်တော်ချောကြောင့် စိတ်ကောက်ပြီး မပြောဖြစ်လိုက်ဘူး။

Jen အိပ်ရာကနိုးတော့ Lisaကို အရိပ်အယောင်တောင် မမြင်ရဘူး။ သူ့ရဲ့စာကြည့်စားပွဲပေါ်မှာတော့ ပန်းရောင်မာဖလာလေးတစ်ထည်ရယ်၊ သူ့ကိုလမ်းကြုံမှာထားတဲ့ ရေမွှေးပုလင်းလေးရယ်ကိုတင်ထားတာတော့တွေ့ရတာဘဲ။

အပြင်သွားဖို့ အားလုံးပြင်ဆင်ပြီးတဲ့အချိန်အထိ Lisa က ပေါ်မလာခဲ့ပါဘူး။

Jen's pov:'နောက်နာရီဝက်လောက်ကျရင်တော့ Ph ဆက်ပြီးခေါ်လိုက်မှပဲ။'

( ဒီ ficထဲမှာ Lisaက ထွက်ပြေးနေတဲ့ပုံစံမျိုးလေး။ တကယ်တော့ ကျွန်တော့်ရဲ့ကိုယ်​ရေးကိုယ်တာပုံစံအချို့ကို နည်းနည်း အသွင်ယူထားတာပါ။ အမြဲ အဆိုးဘက်ကတွေးပြီးကြောက်နေတာမျိုးပေါ့။)

ရေမွှေးဆွတ်ဖို့ ပုလင်းဆီလျောက်သွားပြီး ကောက်ကိုင်လိုက်တဲ့အချိန် ပုလင်းနဲ့ဖိထားတဲ့ စာရွက်ခေါက်လေးကို သတိထားမိသွားတယ်။

"Lisa အိမ်ပြန်နောက်ကျမှာမို့ စိတ်မပူနဲ့နော်။ သွားစရာရှိတာကိုသေချာသွားပါUnnie"

"ဟင်းးး" ခနဲ့ သက်ပြင်းအရှည်ကြီးကို Jen ချမိပါတယ်။ ဘယ်တတ်နိုင်ပါ့မလဲ။ တစ်ယောက်ထဲပဲ ဒဲရစ်တို့နဲ့သွားတွေ့ရတော့မှာပေါ့။

Jen's pov: 'Lisaက မနက်ကတည်းက အိမ်ကထွက်သွားတာဆိုတော့ ဘယ်သွားတာပါလိမ့်။ အရေးကြီးကိစ္စများရှိလို့လား။ နေပါဦး ဆိုဖီယာနဲ့အတူတော့ မဟုတ်လောက်ပါဘူးနော်'

နေ့လည်ပိုင်း Jen တွေ့စရာရှိတဲ့သူတွေနဲ့တွေ့ပြီး အိမ်ပြန်လာတော့ တိုက်ခန်းက ပုံမှန်ထက်ခြောက်ကပ်နေသယောင်ခံစားရတယ်။ Lisaက အမြဲတစ်ယောက်ထဲနေခဲ့ရတယ်ဆိုတာကိုတွေးမိတော့ စိတ်ထဲမကောင်း။

I love you, Professor (U+Z)[COMPLETED]Donde viven las historias. Descúbrelo ahora