Part 11

6.2K 497 33
                                    

*Unicode *

" Unnie ပြင်သစ်ကိုပြန်ရတော့မယ်"

ဝရန်တာမှာ coffee တစ်ယောက်တစ်ခွက်စီနဲ့ နှစ်ယောက်သားထွက်ထိုင်ပြီး နေကြာခင်းရဲ့ မနက်ပိုင်းအလှကို ခံစားနေတုန်း Unnie Soo ပြောလိုက်တဲ့စကားကြောင့် ယောင်း coffee ခွက်ကို ပုံမှန်ထက် တင်းနေအောင် ဆုပ်ကိုင်မိသွားတယ်။

" ကြာမှာလားဟင်"

" Unnie က ဟိုမှာ နှစ်နဲ့ချီပြီးနေတာလေ ယောင်းရဲ့၊ အခုတောင် Jen ရဲ့ မင်္ဂလာပွဲကိုလာရင်းနဲ့ နည်းနည်းကြာသွားတာ ဒီမှာအင်း...ကြာလောက်မှာပါကြာမယ်ဆိုပါတော့"

" ဪ "

တစ်ခွန်းသာပြောပြီး သူကိုင်ထားတဲ့ coffeeခွက်ကို စိုက်ကြည့်ရင်းငြိမ်သွားတဲ့ ချယ်ယောင်းဆိုတဲ့ ကောင်မလေးကို Soo အကဲခတ်​နေမိတယ်။

ရွှေအိုရောင် ဆံနွယ်ရှည်လေးတွေနဲ့ ပါးဖောင်းဖောင်းလေးပိုင်ရှင်ရဲ့ မျက်ဝန်းတွေက ဘာလို့ မပျော်တော့တဲ့ပုံပေါက်သွားတာလဲ။

တစ်ခုခုကို စူးစိုက်ရင်း စဥ်းစားနေရာက ဆုံးဖြတ်ချက်ချပြီးသွားတဲ့ ပုံစံနဲ့ " ဟင်း " ဆိုပြီး သက်ပြင်းချသံကို ယောင်းဆီက အရင်ကြားလိုက်ရတယ်။

"Unnie ယုံလား"

" ဟင် ဘာကိုလဲ "

" ချစ်တဲ့စိတ်နဲ့ ချည်တဲ့ ကြိုးတွေက  မြဲတယ်ဆိုတာ"

" ဟောတော့ ချယ်ယောင်းဆီက အချစ်အကြောင်းတွေကြားနေရပါလား။ ထူးထူးဆန်းဆန်း"

" ယောင်း မေးတာ ဖြေပါဦး"

" ကံနဲ့လည်းဆိုင်မယ်ထင်တယ် ယောင်းရဲ့။ ချစ်တိုင်းလည်း အဆုံးကျပေါင်းဖတ်လိုက်တဲ့ ဇာတ်သိမ်းတွေက ရှေ့မှာ အများကြီးလေ"

" ယောင်းကတော့ ကံကို မယုံချင်ဘူး။ ယောင်းကိုယ်ယောင်းပဲ ယုံချင်တယ်။ Unnie သေချာပေါက် ဒီကိုပြန်လာရမှာ"

" ဟင် ၊ Unnie က ဟိုမှာ အလုပ်ရှိတယ်လေ ဒီကိုပြန်လာဖို့က ကိစ္စရှိမှ..." Soo စကားမဆုံးသေးခင်

I love you, Professor (U+Z)[COMPLETED]Where stories live. Discover now