*Unicode *
" ယောင်းငယ် ဖြေနိုင်ရဲ့လား"
" ဒါပေါ့မမရဲ့။ ဘယ်သူထင်လို့လဲ ပတ်ချယ်ယောင်းပါနော် ဒီလောက်က အေးဆေး"
Final exam ရဲ့ နောက်ဆုံးဘာသာကို ဖြေပြီးလို့ သူတို့သူငယ်ချင်းတစ်စု ကျောင်းနားက မုန့်ဆိုင်မှာ မုန့်စားနေကြတုန်း ချစ်ရတဲ့ "မ" က စိတ်ပူပြီး Ph ဆက်လာတာကြောင့် ယောင်း Ph ပြောနေတာပါ။
ကျန်တဲ့သူတွေက ပိုရန်ကော ဆိုတဲ့အကြည့်နဲ့ကြည့်နေကြတယ်။ Lisa တော့မပါဘူး။ ယောင်းနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေပြီး သူမှာထားတဲ့ Juice ကို အကြောင်းအရင်းမရှိဘဲ အတော်ကြာကြာကိုမွှေနေတာ။
ယောင်း Ph ပြောပြီးတဲ့အချိန်အထိ Lisaက အဲ့Juice ခွက်ကို တွေတွေကြီးကြည့်ပြီး မွှေနေတုန်းပါ။
" ဟဲ့ Lisa။ ဟဲ့ Lice လို့ ငါခေါ်နေတာအဖတ်လုပ်ပါဦး "
" ဪ အင်း အင်း ပြောလေ "
" ဘာတွေတွေးနေမှန်းမသိဘူး။ Lice မင်းစိတ်နဲ့ လူနဲ့ရော ကပ်ရဲ့လား"
" ငါတွေးစရာများနေလို့ပါကွာ"
" တွေးစရာကလည်းတွေးပေါ့ကွာ။ လောလောဆယ် ပြင်သစ်ကိစ္စက တကယ်မလိုက်ဘူးလား"
Somi နဲ့ Irene ကပါ ဝင်ပြောလာတယ်။
"Lisa ရာ ခရီးဆို အမြဲအတူတူသွားနေကြဟာကို နင် ဒီလို အင်းမလုပ် အဲမလုပ် လုပ်နေတော့ ငါတို့ကဘယ်လိုတွေးရမှန်းကိုမသိတော့ဘူး"
" ဟုတ်သားပဲ Lisa yaa အရင်လို ပျော်ပျော်ပြန်နေပါဦး။ စိတ်ကိုလည်း အနားပေးတဲ့သဘောပေါ့ လိုက်ခဲ့လေနော်"
" ငါ နင်တို့အားလုံးကို ပြောစရာရှိတယ်။ ငါ LA မှာ ကျောင်းပြောင်းတက်ဖို့ စီစဥ်နေတယ်။ ဝင်ခွင့်စာမေးပွဲလည်း သိပ်မကြာတော့ဘူး ဖြေရတော့မှာ၊ ငါနာမည်စာရင်းတောင် တင်ထားပြီးပြီ "
Lisa ဆီက လုံးဝမထင်မှတ်ထားတဲ့စကားကြောင့် အားလုံးရုတ်တရက် ငြိမ်သက်သွား....
Irene: " နင် ငါ့တို့ကိုတောင် မပြောပြဘဲနဲ့ ဘယ်လိုလုပ်...."
Somi:" Lisa နင်ဘယ်လိုဖြစ်ပြီး"
ESTÁS LEYENDO
I love you, Professor (U+Z)[COMPLETED]