Part 9

5.8K 485 27
                                    

*Unicode *

ချယ်ယောင်းတစ်ယောက် အခန်းထဲမှာ Somi တို့နဲ့  စကားပြောနေတုန်း Ph ဝင်လာလို့ကြည့်လိုက်တော့ ဟိုကောင် Lice ဆက်တာ။
ဟိုဘက်ခန်းနဲ့ ဒီဘက်ခန်း ကပ်နေတဲ့ဟာကို Ph ခေါ်လာတာသာကြည့်တော့ အဲ့ကောင်က ငပျင်း

"အေး ပြော အခန်းချင်းကပ်လျက်ကို ph ခေါ်နေတယ်"

" ငါ မထချင်လို့ပါကွာ။ Unnie Soo က ဒီကိုလိုက်လာနေတယ်တဲ့ အာ့ပြောမလို့"

ချစ်ရပါသော အမျိုးသမီးလေးရဲ့ နာမည်ကိုကြားလိုက်ရတာကြောင့်

"ဟာ တကယ်ကြီးလား"

အူမြူးသွားတဲ့ ယောင်းရဲ့လေသံကိုရိပ်မိလိုက်ပေမယ့် ဒဲ့ကြီးစဖို့က ဘေးမှာ Prof ရှိနေတာကြောင့်

" အဟမ်း အဟမ်းပြောချင်ဘူးနော်။ ခနကပဲ Prof ဆီ ph ဆက်လာတာ အခု မြို့အထွက်မှာတဲ့ လာမတတ်တော့လို့တဲ့။ အဲဒါမင်းသွားကြိုပေးမလား"

" ကြိုပေးမှာပေါ့ ကြိုပေးမယ်။ အခုသွားကြိုတော့မယ်Ph ချလိုက်ပြီ ဘိုင့်"
ပြောပြီးတာနဲ့ Ph ကိုကောက်ချပြီး လက်ရှည်တစ်ထည်ကောက်ဝတ်လိုက်တယ်။

" ဧည့်သည်သွားကြိုလိုက်ဦးမယ်" ဆိုပြီး Somi တို့ကို ခပ်သွက်သွက်ပြော၊ ဧည့်ခန်းမှာချိတ်ထားတဲ့ ကားသော့နှစ်ချောင်းထဲက Lisaရဲ့ ကားသော့ကိုယူလိုက်တယ်။ Lisaကားက ပိုမြန်တယ်လေ။

စိတ်ကလောနေတာမို့ ကားကိုခပ်မြန်မြန်ဘဲ ခြံပြင်ကိုမောင်းထွက်လာလိုက်တယ်။ Unnie ကလည်း map ကြည့်ပြီး မောင်းလာတယ်နဲ့တူပါတယ် မိန်းလမ်းမကြီးဆီတက်လိုက်တာနဲ့မကြာဘူး Unnie ရဲ့ ကားနဲ့ ဆုံရော။

အချက်ပြမီးကိုသုံးပြီး အရှိန်လျော့ဖို့ပြောလိုက်လို့ Unnie ကအရှိန်ကိုလျော့ချလိုက်ပြီး လမ်းဘေးချရပ်လိုက်တယ်။ ။ မှန်ချထားတော့ ယောင်းကိုတွေ့နေရလို့လည်းပါမှာပါ။

လက်လေးအပြင်ထုတ်ပြီး နှုတ်ဆက်နေသေး။ အားးး ရင်ခုန်အောင် လူကိုပြုံးပြနေပြန်ပြီ။ Unnie ရဲ့ အသည်းပုံနှုတ်ခမ်းအောက်မှာ အကြိမ်ကြိမ် ကျရှုံးနေပါပြီနော်။

I love you, Professor (U+Z)[COMPLETED]Where stories live. Discover now