*Unicode *
Lisa တစ်ယောက် သူ့သူငယ်ချင်းတွေကြားမှာ သူတို့ ရှယ်ပွားသမျှခံနေရပါတယ်။ ယောင်းက အဆိုးဆုံး၊ အဲ့ကောင်က Lisaကို ရှယ် တင်းနေတာလေ။
Irene တို့လည်း Lisaကို စိတ်ဆိုးတဲ့အကြောင်းတွေပြောနေကြတယ်။ ကိုယ်က အပြစ်လုပ်ထားတဲ့သူဆိုတော့ တဟဲဟဲနဲ့ မျက်နှာချိုသွေးရတာပေါ့။ သွားတွေ အအေးပတ်မတတ်ပဲ ။
ဒါတောင် ကျေးဇူးရှင်ချယ်ယောင်းက ထိုးမယ်တကဲကဲ။ ကိုယ်ကလည်းလွန်ခဲ့တာကိုး ဘလိုင်းကြီး အဆက်အသွယ်ဖြတ်လိုက်ခဲ့မိတော့ စိတ်ဆိုးကြတာမဆန်းပါဘူး။
ရိုးရာမပျက် စိတ်ဆိုးတဲ့အစီအစဥ်ပြီးတော့ အစားချန်ပီယံအဖောင်းကဦးဆောင်ပြီး ထမင်းစားခန်းက ရေခဲသေတ္တာကိုသွားမွှေနေပါပြီ။
ဟော မကြာပါဘူး ရှိသမျှ အသီးတွေရော မုန့်တွေရော လက်နှစ်ဖက်နဲ့ကို ရှယ်သယ်လာကြတယ်။
ခနခနသွားဝယ်ရတာပျင်းလို့ဆိုပြီး တစ်ပတ်စာလောက်အတွက် ဟိုဘက်လမ်းထိပ်ဆိုင်က Lisaဝယ်ထားတဲ့ အချဥ်ထုပ်တွေနဲ့ ရေခဲမုန့်ပါပါလိုက်သေး။
Lisa ရဲ့ တစ်ပတ်စာမုန့်တွေကို ကြိတ်နေရင်းနဲ့တောင် ချယ်ယောင်းက တရားတွေဟောနေပါသေးတယ်။ Lisa ကို သူ အားမရဘူး ဘာညာပေါ့။ Lisa အချစ်ရေးကို ကကြီးကနေ အ အထိ အကုန်သိနေခဲ့သူကိုး...
စကားပြောရင်း Profအကြောင်းပါလာရင် Lisaသတိထားမိနေတယ် ယောင်းတောင် Prof ကို Jen Unnie ဆိုပြီး ရင်းရင်းနှီးနှီးခေါ်တတ်နေပြီပဲ။
အင်းလေ Lisaကိုပြောပြတဲ့အထဲမှာ သူနဲ့ Unnie Sooတို့ လက်ထပ်ဖို့အရမ်းမကြာတော့တဲ့ အကြောင်းက ပါခဲ့တာပဲဟာ။
ယောင်း ကံကောင်းပါတယ်။ သူချစ်မိခဲ့တဲ့အမျိုးသမီးကလည်း သူ့ကို ပြန်ပြီး သိပ်ချစ်ရှာတယ်လေ။
ဘယ်အချိန်သူများလက်ထဲထည့်ပေးရမလဲဆိုတာမသိတဲ့..... ဘယ်အချိန်ဆိုတာက မှားနေမယ်ထင်တယ်နော်၊ သိပ်မကြာလောက်တော့ဘူးထင်ပါရဲ့
ထားပါတော့... ကိုယ်မပိုင်ဆိုင်နိုင်မယ့်လက်တစ်စုံအတွက် ပူပန်နေရတဲ့ကြားထဲကနေ Lisaက သူငယ်ချင်းဖြစ်တဲ့ ယောင်းရဲ့ ကံကောင်းမှုအတွက် ဝမ်းသာနေမိပါတယ်။
YOU ARE READING
I love you, Professor (U+Z)[COMPLETED]