*Unicode *
"Lisa က Prof Jennie ကို တကယ်ချစ်နေတာပါ"
တွေဝေခြင်းမရှိဘဲ ပြောပြနေတဲ့ ချယ်ယောင်းရဲ့ စကားကြောင့် Jenရဲ့ရင်ထဲမှာ နွေးထွေးနေတဲ့ မြစ်တစ်စင်းက ငြိမ့်ငြိမ့်လေးစီးဆင်းသွားသလို ခံစားလိုက်ရတယ်။
Lisaက Jen ကို ချစ်နေသည်တဲ့လား။ အဲ့ကလေးဟာလေ ခံစားချက်တွေကို အရမ်းဝှက်ထားတတ်တာပဲ။ (ဪ ကလေးဖြစ်သွားပြီပေါ့လေ။ အားကျပါတယ်နော်အမ)
ချယ်ယောင်းက Prof, Prof နဲ့ ပြောနေတာကြောင့် Jen က
" စာလည်း သင်ရတော့တာမှမဟုတ်တာ။ ပေါ့ပေါ့ပါးပါးပဲခေါ်လို့ရပါတယ် ချယ်ယောင်းရေ "
" ဟုတ်သားဘဲ ယောင်းငယ်ရ။"
Soo ကပါ ဝင်ပြောတာကြောင့် ယောင်းလည်း
" ဟုတ် ဒါဆို Jennie Unnie လို့ပဲ ခေါ်တော့မယ်နော်"
" ရတယ် ရတယ် အဆင်ပြေတယ် "
အဲ့အချိန် Jisoo ရဲ့ အလုပ်က Ph ဝင်လာလို့ Jisoo တစ်ယောက် ချယ်ယောင်းရဲ့ အခန်းထဲဝင်ပြီး စကားသွားပြောနေတယ်။
တစ်နာရီနီးပါး ချယ်ယောင်းနဲ့ စကားပြောအပြီးမှာတော့ Jennie တစ်ယောက် Lisa ဘာဖြစ်နေခဲ့တာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အတော်များများသိသွားရပါပြီ။
ကျောင်းမှာ ဒဲရစ်နဲ့ Jen ကို ship ကြတာတွေကို Jen တကယ်မသိခဲ့တာပါ။ဒီခေတ် တက္ကသိုလ်ကျောင်းသားတွေက တော်တော်လေးကို တတ်လည်းတတ်နိုင်ကြတာပဲ။
Soo Ph ပြောပြီးလို့ ထွက်လာတော့ Jen က ပြန်ဖို့ အိတ်တွေတောင်ကောက်လွယ်နေပြီ။
" အဲ့ Jen ပြန်တော့မလို့လား။ မြန်လိုက်တာ"
" မမြန်ပါဘူး ချယ်ယောင်းနဲ့စကားပြောနေတာ တစ်နာရီလောက်ရှိပြီလေ"
" အဲ Soo Ph ပြောတာ အဲ့လောက်တောင်ကြာသွားတာလား"
" အဲဒါပဲကြည့်တော့ Jennie Unnie ရေ။ 'မ' က သူ့အလုပ်နဲ့ ပတ်သက်ရင် အကုန်မေ့။ ယောင်းကိုတောင် မေ့သွားလားမသိပါဘူး"
YOU ARE READING
I love you, Professor (U+Z)[COMPLETED]