Part 17

6.5K 536 84
                                    

*Unicode *

ခေါင်းမှာ အနည်းငယ်နောက်ကျိနေတဲ့ ခံစားမှု​နဲ့အတူ Jen နိုးလာတဲ့ အချိန်က မနက် ၁၀ နာရီလောက်ရှိနေပါပြီ။

ညက Lisa သွားကြိုလာတာကို သတိရမိတော့ ပြုံးချင်သလိုဖြစ်ပြီး နှုတ်ခမ်းထောင့်လေးက အလိုလိုတွန့်ချိုးမိသွားတယ်။ Lisa ဆိုမှ သူတောင် ကိုယ့်ရဲ့ အဝေးကြီးဆီသွားတော့မှာပဲ။

" ဟင်းးး " ခပ်ဖွဖွသက်ပြင်းချသံအတူ ပျားရည်သောက်သင့်တယ်ဆိုတဲ့ အသိကြောင့် ထမင်းစားခန်းဆီ ဆင်းလာခဲ့လိုက်တယ်။

အဲ့အချိန် Lisaကတော့ ခြံထဲက ထိုင်ခုံလေးမှာထိုင်၊ လမ်းမဘက်ကို ငေးရင်း ရင်းထဲအတော်နေလို့မကောင်းနေတာမို့ ယောင်းဆီ Line ကနေ ph ဆက်လိုက်တယ်။

Ph ဝင်နေပေမယ့် ဟိုဘက်က ချက်ချင်းမကိုင်ပါဘူး။ စက္ကန့် အနည်းငယ်စောင့်အပြီးမှာတော့

" Hello Lice"

အိပ်ချင်မူးတူး နိုးတစ်ဝက်အသံကြီးနဲ့ Ph ကိုင်လာတဲ့ ယောင်းရဲ့အသံကြောင့် Lisa ကိုယ့်နဖူးကိုယ်သာ ရိုက်ပစ်လိုက်ချင်ပါတယ်။ ကိုရီးယား  နဲ့ ပြင်သစ်က အချိန်၇နာရီလောက်ကွာတာ သူမေ့သွားခဲ့တာပဲ။

" အာ ယောင်း sorry ငါ ပြင်သစ်အချိန်ကိုမေ့သွားတယ်ဟိုမှာ မနက် ၃နာရီလောက်ပဲရှိဦးမှာပေါ့။ sorry ကွာ "

" ရတယ် ရတယ်။ ငါ ညက စောစော အိပ်ရာဝင်ထားတာ၊အခု ရေထသောက်ရင်း ဝရန်တာဘက်ထွက်လိုက်ပြီ ဘာမှမဖြစ်ဘူး။ "

" sorry ယောင်းရာ"

" ရပါတယ်ဆိုကွာငါတောင် မနက်ကျ မင်းကို Phက်ဦးလို့ပဲ ။ ကဲ ဆိုစမ်းပါဦး အသံက စိတ်ဓာတ်ကျနေပုံဘဲ။ "

" ငါ ဘာလုပ်ရမလဲမသိဘူးကွာ" ပြောရင်း အသံတွေတိမ်ဝင်သွားပြီး တိတ်သွားတဲ့ Lisa ကြောင့်

" Prof နဲ့ အဆင်မပြေဘူးလား Lice။ Lice ရာ မင်းကလည်းချစ်နေရဲ့သားနဲ့"

" မင်းမသိပါဘူး ယောင်းရာ Prof ကလေ ဆရာဒဲရစ်နဲ့ ပိုလိုက်ဖက်တာ။ ပြီးတော့ ငါလိုကောင်ထက် ဆရာဒဲရစ်က အစစအရာရာ ပိုပြီးသာလွန်းတယ်လေ။ ပြီးတော့ Prof လည်း ဆရာဒဲရစ်နဲ့တွဲသွားတွဲလာ အဆင်ပြေနေတဲ့ ပုံပါ။ ငါထွက်သွားပေးရင် ပို လွတ်လပ်သွားကြမှာပေါ့။"

I love you, Professor (U+Z)[COMPLETED]Where stories live. Discover now