*Unicode *
"ဒေါက် ဒေါက်"
"သမီးရေ Lisa မနိုးသေးဘူးလား သမီးလေး"
Lisa တစ်ယောက်အိပ်ပျော်နေရာက အမေ့အသံကြောင့် လှုးလှိမ့်ထလိုက်ပြီး အိပ်ချင်မူးတူးနဲ့ အခန်းတံခါးကိုဖွင့်လိုက်တယ်။
မျက်လုံးကို အတင်းအားယူပြီး ဖွင့်ရင်း
" ကျောင်းပိတ်တယ်လေအမေ၊ ဘာလို့..."သူ့စကားက လေထဲမှ တစ်ဝက်တစ်ပျက်နဲ့ရပ်သွားတယ်။ အမေတစ်ယောက်ထဲမှ မဟုတ်တာ အမေ့နောက်မှာ သူ့ကိုမတ်တပ်ကြီးရပ် လက်ပါပိုက်ပြီး စူးစမ်းသလိုကြည့်နေတဲ့ မျက်နှာစိမ်းအမျိုးသမီးတစ်ယောက်။
ထိုထိုအကြည့်စူးစူးအောက်မှာ သူ့ရဲ့နိုးတဝက်ဖြစ်နေတဲ့ အိပ်ချင်စိတ်တွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်တယ်။တစ်လက်စထဲမှာပဲ မနေ့က သူ့ကိုအိမ်ထောင်ချပေးမယ့်ကိစ္စကို သတိရသွားတာကြောင့် လန့်ဖြန့်ပြီး
" အမေ သူ သူ သူက "စကားတွေမှာလည်းထစ်၊ လက်ညှိုးကြီးထိုးပြီး အိပ်ချင်မူးတူးရုပ်ကနေ အလန့်တကြားဖြစ်သွားတဲ့ပုံ ချက်ချင်းပြောင်းသွားတဲ့ Lalisa ဆိုတဲ့ ဆံပင်ဖရိုဖရဲနဲ့ ကောင်မလေးကို မျက်လုံးထဲ မြင်ကြည့်စမ်းကြပါဦး။
Jen တစ်ယောက် အိမ်ကလွှတ်လိုက်လို့ မင်္ဂလာဝတ်စုံကိစ္စနဲ့ ဒီကောင်မလေးကို လာဝင်ခေါ်ရတာပါ။ သူငြင်းလို့လည်းမရဘူးလေ။
မနက် ၁၀ နာရီကျော်တာကိုတောင် မထသေးတဲ့ အဲ့ကောင်မလေးကြောင် Jen တစ်ယောက် ဒီအိမ်ကိုရောက်ရောက်ချင်း အမောနည်းနည်းဆို့ချင်သွားတယ်။
တော်သေးတာက ယောက္ခမတော်ရမယ့် အန်တီကြီးက သဘောကောင်းလို့ပေါ့။ သူ့ကိုလည်း သမီး သမီးနဲ့ ဖော်ဖော်ရွေရွေပဲ။ Lalisa ဆိုးတဲ့အကြောင်းတွေရော ပူပူနွေးနွေး ဒီရက်ပိုင်း ကားတိုက်ပြီး ခေါင်းပေါက်ထားတဲ့အကြောင်းတွေရော ဖောက်သည်ချနေတာ။
ဧည့်ခန်းမှာ စကားနည်းနည်းပြောပြီးတော့ သူ့သမီးကို သွားနှိုးပေးမယ် သမီးလိုက်ခဲ့တဲ့လေ။ လူကြီးစကားမို့ မငြင်းကောင်းတာနဲ့ အနှီကောင်မလေးရဲ့အခန်းရှေ့ကို ရောက်လာရတာပါပဲ။
KAMU SEDANG MEMBACA
I love you, Professor (U+Z)[COMPLETED]