*Unicode *
ဆေးရုံရဲ့ အရေးပေါ်ဆောင်မှာ စိုးရိမ်စိတ်တွေနဲ့အတူ Lisaကို လိုက်ရှာရင်း တစ်နေရာမှာ အကြည့်တွေရပ်သွားတဲ့ Jennie ။
လူနာကုတင်တစ်ခုပေါ်မှာ စောင်ကို ရင်ဘတ်နားအထိခြုံထားပြီး မလှုပ်မယှက်မျက်စိတွေမှိတ်ထားတဲ့ Jen အရမ်းရင်းနှီးနေတဲ့မျက်နှာလေး။
စိုးရိမ်မှုတွေနဲ့အတူ ကုတင်နားကိုသွားပြီး မျက်နှာလေးကိုငုံ့ကြည့်မိတော့ ဘာဒဏ်ရာမှမတွေ့ရတဲ့ မျက်နှာလေးက ကြည်ကြည်လင်လင်နဲ့ ရှင်းရှင်းသန့်သန့်လေးရယ်ပါ။
ဒွိဟဖြစ်သွားတဲ့စိတ်နဲ့အတူ စိုးရိမ်စိတ်တွေပါထပ်ရောပြီး Lisaရဲ့ နှာခေါင်းနားကို လက်ချောင်းလေးနဲ့ ဖြတ်ခံပြီး ဝင်လေထွက်လေကိုစမ်းကြည်လိုက်တော့ လက်ကို လာရိုက်ခတ်တဲ့ အငွေ့နွေးနွေးလေး....
အဲ့တော့မှပဲ Jenခမျာ "ဟင်း" ခနဲ့ သက်ပြင်းအရှည်ကြီးချနိုင်ပြီး ဘေးက လူနာစောင့်အတွက်ရှိနေတဲ့ထိုင်ခုံပေါ် တစ်ကိုယ်လုံးမှာရှိနေတဲ့ တစ်လမ်းလုံး တင်းထားခဲ့ရသမျှ အားတွေကို လျော့ချပြီး ထိုင်ချလိုက်တယ်။
ဒါပေမဲ့ ခနပါပဲ ... Lisa အတွက် စိတ်ပူနေတာကို လုံးဝလျော့ချလို့မရသေးတာမို့ မတ်တပ်ပြန်ရပ်ပြီး Lisaကိုယ်ကို ခေါင်းအစခြေအဆုံး ဒဏ်ရာတွေများရှိနေလားဆိုပြီး လိုက်ကြည့်ရသေး
စောင်ကိုရင်ဘတ်အထိခြုံပြီး အိပ်နေတဲ့ Lisaက Jen သူ့လက်ကစောင်စကိုလှပ်ပြီး လက်ကိုကြည့်တာကိုရော ခြေထောက်ဘက်သွားပြီး ခြေထောက်ကိုကြည့်တာကိုရော မသိတဲ့ပုံပါ။ တုပ်တုပ်တောင်မလှုပ်ဘူး။
Jenလည်း Lisa ဘာဖြစ်မှန်းမသိလို့ မေးဖို့အတွက်ဟိုကြည့်ဒီကြည့်လုပ်နေတုန်း
" ဒီတစ်ယောက်ရဲ့ အုပ်ထိန်းသူလားဗျ"
ဘေးကိုရောက်လာတဲ့ ဆရာဝန်လေးတစ်ယောက်က လာမေးတာမို့ အဆင်သင့်လိုက်လေခြင်း
"ဟုတ်ပါတယ်ရှင့်။ သူက ဘာများဖြစ်တာလဲဟင်"
" အရမ်းစိတ်မပူပါနဲ့ဗျ။ သွေးထုတ်ထားလို့ အားနည်းနေတာပါပဲ။"
YOU ARE READING
I love you, Professor (U+Z)[COMPLETED]