*Unicode *
Jisoo နေတဲ့ နေရာနဲ့ ရုံးက ပြင်သစ်ရဲ့မြို့ကြီးတွေထဲက Lyon မြို့မှာမို့ သူတို့ Paris ကိုသွားလည်ဖို့ ရထားခရီးစဥ်ကိုရွေးလိုက်ကြပါတယ်။ Eiffel Tower ရေ ကိုရီးယားက ဧည့်သည်တွေကို ကြိုဆိုဖို့ အဆင်သင့်ပဲလား။
ရထားစီးနေတဲ့တစ်လျောက်လုံး ချယ်ယောင်းတစ်ယောက် Jisoo နားမှာ တောက်တဲ့လိုကပ်နေပြီး သူ့သူငယ်ချင်းတွေကပါ အမြင်ကပ်လောက်တဲ့အထိ တတွတ်တွတ်နဲ့ စကားတွေပြောပါတယ်။ Jisoo ကတော့ သူ့ကလေး ပြောသမျှကို ပြုံးပြုံးလေးနဲ့ သဘောတွေကျလို့။
Eiffel မျော်စင်ဘက်ရောက်တော့ Jisoo က camera ယူလာပေးတာမို့ သူတို့ ဓာတ်ပုံတွေရိုက်ဖြစ်ကြသေးတယ်။ ရိုက်ပေးနေကြ Lisa က ပါမလာတာကြောင့် သူ့တို့ခမျာ တစ်ခုခုလိုနေသလိုခံစားရတော့တာပါပဲ။
At korea,
Lisa တစ်ယောက်ကတော့ အခန်းထဲမှာဘဲ macbook တစ်လုံးနဲ့ အချိန်ကုန်နေပါတယ်။ သူတက်ရမယ့်ကျောင်းရဲ့ အချက်အလက်တွေကို သူ့ဘာသာစစ်ဆေးနေတာပါ။ ကြည့်နေရင်းနဲ့ Prof အကြောင်းက ခေါင်းထဲရောက်လာပြန်ရော။
Lisa's pov: 'မဖြစ်သေးပါဘူး။ စကားတော့သေချာပြောရမှာပေါ့'
အတွေးနဲ့အတူ ပေါင်ပေါ်တင်ထားတဲ့ macbookကို ကုတင်ပေါ်ချလိုက်ပြီး သူ့ခြေလှမ်းတွေက Prof ရှိနေတဲ့ အခန်းဆီ ဦးတည်သွားတယ်။
တံခါးခေါက်လိုက်ပေမယ့် ဘာသံမှမကြားရတာမို့ သူ တံခါးလက်ကိုင်ကိုလှည့်ကြည့်လိုက်တော့ တံခါးက လော့မချထားဘူး။
သူအခန်းထဲရောက်တော့ Prof က ကုတင်ပေါ်မှာ တံခါးဘက်ကို မျက်နှာမူပြီးဘေးစောင်းလေးအိပ်ပျော်နေတယ်။
ခြေသံမကြားအောင် ဖွဖွလေးလျောက်သွားပြီး ကုတင်ဘေးကိုရောက်တော့ Prof မျက်နှာရှေ့နားလေးမှာ သူထိုင်ချပြီး မျက်နှာလေးကိုသေချာကြည့်မိတယ်။ သူပြောပါတယ် Prof က အိပ်နေတဲ့အချိန်ဆို တကယ့်ကလေးလေးပါလို့။
ပါးနားမှာ ဝဲကျနေတဲ့ ဆံပင်လေးကို နားရွက်အနောက်ကို အသာအယာသပ်တင်ပေးလိုက်တော့ သိသိသာသာ လှုပ်ခတ်သွားတဲ့ သူ့ရင်ခုန်သံ။ သူမညာချင်တော့ဘူး။ သူ Prof ကို ချစ်မိနေပြီ။
YOU ARE READING
I love you, Professor (U+Z)[COMPLETED]