Part 24

7K 545 87
                                    

*Unicode *

မျက်ခွံပေါ်  တိုက်ရိုက်ကျလာတဲ့ နေရောင်ခြည်နွေးနွေးလေးကြောင့် Jen ခါးကိုတစ်ချက်ဆန့်လိုက်ပြီး မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။

မျက်လုံးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက Lisa ရဲ့ collar bone လှလှလေး💛

အိမ်ထောင်ကျတာ တစ်နှစ်ပြည့်တော့မှာဆိုပေမယ့် Lisa ရင်ခွင်ထဲ လုံးလုံးလျားလျားဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရတာက ဒါ ပထမဆုံးပဲလေ။

နေ့တစ်နေ့ကို ချစ်တယ် ဆိုတဲ့စကားလေးနဲ့အဆုံးသတ်အိပ်စက်ပြီး ဒီလိုမျိုး ကိုယ်သဘောကျရတဲ့ ရင်ခွင်ထဲကနေ နွေးနွေးထွေးထွေးနိုးရတာက တကယ်ကို ကြည်နူးစရာတွေ အပြည့်ပါ။

အားးး ဒီနေ့က ကျက်သရေရှိတဲ့ ပျော်စရာနေ့လေးပဲ။

အတွေးနဲ့ ပြုံးမိရင်း မျက်စိက Lisa ရဲ့ အိပ်ပျော်နေတဲ့ မျက်နာလှလှလေးဆီရောက်သွားပြန်တယ်။ နှုတ်ခမ်းထူထူလေးက ဘယ်အချိန်ကြည့်ကြည့် အရှိန်အဝါတစ်မျိုးပါနေပြီး ဒီလို အိပ်​ပပျော်နေတဲ့ အချိန်မျိုးကျတော့ ကလေးဆန်မှုတွေ ပျော်ဝင်နေသယောင်၊ မှိတ်ထားတဲ့ မျက်လုံးတွေနားက မှဲ့နက်ကလေးကလည်း ငါ့ကိုချစ်ပါ ငါ့ကိုချစ်ပါဆိုပြီး ​ပြောနေသည့်အတိုင်း.....

အကြည့်တွေက ပါးပြင်နုနုလေးကနေ မချွန်လွန်း၊ လေးထောင့်မကျလွန်းတဲ့ မေးစေ့လေးဆီရောက်သွားတယ်၊ အဲ့ကနေတစ်ဆင့် သွေးကြောစိမ်းလေးတွေ ယှက်ဖြာနေတဲ့ လည်တိုင်ကျော့ကျော့ရှင်းရှင်းလေး... ကြည့်ပါဦး သွေးကြောလေးတွေက အစ မြတ်နိုးဖွယ်ရာ အတိ၊

beauty bone တစ်ဖြစ်လဲ collar bone လေးဆီ တစ်ဖန်ပြန်ပြီး အကြည့်ရောက်တော့ ဖမ်းကိုက်ချင်တဲ့စိတ်တွေပါ ပေါက်လာရတယ်။ ကိုယ့်အိမ်ထောင်ဖက်မို့ ပြောတာ မဟုတ်ဘူးနော် Lisa က တကယ် ရှယ်လှတာ ( ဂုဏ်ဆာတဲ့လေသံနဲ့)

" Ring Ring"

ကြည်နူးနေပါတယ်ဆိုမှ အလိုက်ကမ်းဆိုးမသိစွာ မြည်လာတဲ့ Ph သံကြောင့် Jen ရဲ့ မနက်စောစော ကြည်လင်နေတဲ့ မနောက နည်းနည်းပျက်ချင်သွားတယ်။

မကိုင်လိုက်လို့ နောက်တစ်ခေါက်ပြန်ခေါ်လာရင် မိမိရဲ့ အိမ်ဦးနတ်ကလေးလေးနိုးသွားမှာ စိုးတာကြောင့် Jen တစ်ယောက် ကိုယ်ပေါ်က Lisaရဲ့ လက်ကို အသာအယာဖယ်လိုက်တယ်။ ပြီးတော့ ကုတင်တစ်ဖက်အစွန်းမှာရှိနေတဲ့ ph ဆီ လက်လှမ်းယူလိုက်ပြီး

I love you, Professor (U+Z)[COMPLETED]Where stories live. Discover now