Part 16

6.2K 484 55
                                    

*Unicode *

Unnie Soo ရဲ့ အိမ်ကိုပြန်ရောက်ကြတော့ သူနဲ့ Prof နဲ့ကို တစ်ခန်းစီစဥ်ထားပေးတာမို့ သူတို့လည်း အခန်းထဲဝင်ပြီးနားကြတယ်။

စောင်နဲ့ခေါင်းအုံးကိုယူပြီး သူအောက်ဆင်းအိပ်ဖို့ပြင်တော့

" ဘာလုပ်တာလဲ Lisa။ ကုတင်က ဒို့နှစ်ယောက်လုံးအိပ်လို့ပါတယ် အပေါ်မှာပဲ အိပ်"

" Lisa အိပ်ဆော့မှာစိုးလို့ပါ။ "

" ဖက်လုံးတွေရှိတာပဲဟာ အပေါ်မှာပဲအိပ်ပါလေယာဥ်စီးထားခဲ့သေးတာနဲ့"

" အာ ဟုတ်သားပဲ ဒီမှာ ဖက်လုံးတွေရှိတာပဲဟာ၊ Prof ရော မနားသေးဘူးလား "

" ဒို့က ပြန်ရောက်တုန်းက တစ်ရေးအိပ်ထားတယ်လေ။ မငိုက်သေးဘူး Lisaရ ။ အရင် အိပ်နှင့်ပါ"

" ဟုတ် Good night, Prof"

"Good night, Lisa"

Lisa က ပင်ပန်းနေလို့ထင်ပါရဲ့ မကြာဘူး အိပ်ပျော်သွားတယ်။

Jen က Lisa တက်မယ့် ကျောင်းအကြောင်းသိချင်လို့ SNS ကနေ ရှာပြီး ဖတ်နေရင်း ဘာရယ်မဟုတ် အိပ်ပျော်နေတဲ့ Lisaကိုကြည့်မိတော့ ဖက်လုံးကို ကျစ်နေအောင်ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်မောကျနေတယ်။

Lisa အိပ်နေတဲ့ ပုံလေးကို သဘောတကျနဲ့ကြည့်နေရင်း

" တောင်းပန်ပါတယ် ချစ်မိသွားခဲ့လို့" ဆိုပြီး ပြောခဲ့တဲ့ စကားသံကိုပြန်ကြားမိတော့ ရင်ထဲ စနှိုးစနှောင့်ခံစားချက်လေး ဖြစ်ရတယ်။ Lisa မှာ ချစ်ရတဲ့သူ ရှိနေတာလားဆိုတဲ့ အတွေးကဝင်လာတော့ နည်းနည်းဝမ်းနည်းသလိုလေးပါဖြစ်သွား။

အင်းလေ နှစ်ဆယ်ကျော်လူငယ်လေးက ချစ်မိသွားပါတယ် ဆိုတဲ့အဖြစ်အပျက်မျိုးက ထူးဆန်းထွေလာမှမဟုတ်တာ။ သူကသာ ဘာလို့ ရင်ထဲမွန်းကြပ်သလိုခံစားနေရမှန်းမသိ။ Lisaက သူ့ကို မိဘပေးစားလို့သာ ယူထားရတာလေ။

I love you, Professor (U+Z)[COMPLETED]Where stories live. Discover now