*Unicode *
" Lisa စာကြည့်ခန်းဘေးက အခန်းမှာပဲ နေလိုက်မယ်နော်။Prof Jennie နေရခက်နေမှာစိုးလို့"
(သူ့ရဲ့ Professor ဖြစ်သွားကတည်းက Lisa က ဆရာမလို့ပဲခေါ်ဖြစ်နေတာပါ။ )" သဘောပဲလေ။ မင်းအဝတ်တွေက မင်းအမေ ဒီအခန်းထဲပဲထည့်သွားပေးတာဆိုတော့ ဒို့ဝိုင်းပြောင်းပေးရမလား"
"အာညီး။ အိမ်ကမတော်တဆရောက်လာပြီး အာ့တွေတွေ့ရင် တမျိုးထင်သွားဦးမယ်။ Lisa တစ်စုံနှစ်စုံလောက်ပဲ ယူထားပြီး နောက်လိုမှ လာဝင်လဲလို့ရတယ်မလား"
" ရပါတယ် ဒါလည်း မင်းနဲ့ဆိုင်တဲ့အခန်းပဲဟာ"
" ကျေးဇူး Prof, တစ်ခုခုဆိုရင် Lisa ကို အော်ခေါ်လိုက်နော်။ ပြီးတော့ Lisa ရှိနေတယ်ဆိုပေမယ့် လွတ်လွတ်လပ်လပ် Prof စိတ်တိုင်းကျနေပါ "
" အင်းအင်း မင်းလည်း စာလေးဘာလေးလုပ်ပေါ့။ ကျောင်းပျက်ထားတာတွေဒို့တွေ့တယ်။ အမှတ်ကောင်းအောင်ကြိုးစားပါလား။ နားမလည်တာရှိရင် ဒို့ကို လာမေးပေါ့"
" ကောင်းပါပြီဗျ။ ဒါဆို Lisa အခန်းဆီသွားတော့မယ်နော်"
"အင်းအင်း"
( ကျွန်တော်စဥ်းစားနေတာ အခုပဲ လက်ထပ်ထားတဲ့ လင်မယားက ဘာတွေ ကပေါက်တိကပေါက်ချာ ပြောနေကြတာတုန်းဆိုပြီး)
Lisa မိဘတွေက Lisa အတွက် ကားလဲပေးထားတာမို့ ကျောင်းကိုသွားရင် တစ်ယောက်တစ်စီးပဲ သွားကြပါတယ်။ တူတူသွားဖို့က နှစ်ယောက်လုံးအဆင်ပြေတဲ့ အနေအထားမဟုတ်တာမို့။
"Lisa မင်း ဒီနေ့ အတန်းချိန်နှစ်ချိန်တောင်ပျက်တယ်နော်"
အိမ်မှာ ညစာ အတူစားတုန်း Prof က မေးလာသည်မို့
"ဟုတ်တယ် Lisa သူငယ်ချင်းမွေးနေ့မို့ အပြင်မှာ မုန့်သွားစားကြတာ။"
" ဪ အင်း နှစ်ဝက်စာမေးပွဲက ရောက်တော့မှာ စာတွေသေချာပြန်လုပ်ဦး"
VOCÊ ESTÁ LENDO
I love you, Professor (U+Z)[COMPLETED]