Part 19

6.3K 506 60
                                    

*Unicode*

" စီးကရက်တွေ သောက်နေတုန်းလား Lisa"

ဝရံတာမှာ လက်ရန်းပေါ်လက်တစ်ဖက်ထောက်ပြီး စီးကရက်ရှိုက်နေတဲ့ Lisa တစ်ယောက် အိမ်ထဲကထွက်လာတဲ့အသံကြောင့် ကားလမ်းမဘက်ကို ငေးနေရာကနေ အကြည့်ကို အိမ်ထဲ ပို့လိုက်ရတယ်။

" အာ Prof ဒါ ဒါက"

ရုတ်တရက်မို့ စီးကရက်ကို ဖွက်ဖို့လည်း မမီတော့ဘူး။

" Korea မှာကတည်းက မင်းသောက်နေတာ ဒို့သိပါတယ်။ သိတဲ့အချိန်က နောက်ကျတယ်ဆိုပေမယ့်လည်းပေါ့"

" အခု အငွေ့တွေ အခန်းထဲ ဝင်သွားလို့ နိုးသွားတာလားဟင်။ တောင်းပန်ပါတယ် Lisa တံခါးပိတ်လိုက်ရမှာ"

(ဝရန်တာက အိပ်ခန်းနဲ့တစ်ဆက်ထဲပါ။ ဝရန်တာဘက်က အခန်းနံရံတွေကို မှန်တွေနဲ့သုံးထားပြီးတော့ ဝရန်တာဘက်ထွက်ဖို့လည်း မှန်တံခါးလေးနဲ့)

Lisaနေနေတဲ့တိုက်ခန်းက ရှစ်လွှာမှာမို့ ပုစွန်ဆီရောင်သမ်းနေတဲ့ တိမ်လေးတွေကိုနောက်ခံထားပြီး သူ့ဘက်ကို မျက်နှာမူထားတဲ့ Lisa ပုံကို Jen မြင်နေရတာက သူ့နည်းသူ့ဟန်နဲ့ စတိုင်ကျနေပါတယ်။

မျက်နှာပေါ်က မှိုင်းညှို့နေတဲ့အငွေ့အသက်တွေက နေဝင်နေတုန်းအချိန်မှာတောင် မှောင်ရိပ်သမ်းလာတဲ့ ပတ်ဝန်းကျင်နဲ့အပြိုင် ဝမ်းနည်းရိပ်အချို့က အထင်းသား။

Jen's pov: 'Lisa ဘာတွေတွေးနေလို့ဝမ်းနည်းနေတာလဲ။ မဟုတ်မှလွဲရော ဒဲရစ်ရဲ့ မိသားစုနဲ့ ငါတွေ့မယ်ဆိုပြီး ငါပြောလိုက်လို့လား။ ဆေးလိပ်တွေအများကြီးသောက်ရင် ရောဂါတော့မှာပဲ ချာတိတ်ရယ်ချစ်နေတာကို ချစ်တယ်လို့ပြောဖို့က ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်တာလောက် ခက်တာမှ မဟုတ်တာ။ ငါနော်'

" မဟုတ်ပါဘူး။ ဒို့ဘာသာနိုးလာတာ။ နေ့လည်ကလည်း မင်းစီးကရက်တွေ ဝယ်လာတာတွေ့ထားလို့ "

" ဪ ဟုတ် ဗိုက်ဆာပြီလား။ Lisa မှာတော့ ခေါက်ဆွဲထုပ်တွေပဲရှိတယ်။ Delivery နဲ့ မှာပေးမယ်လေ။Prof ဘာစားချင်လဲ"

I love you, Professor (U+Z)[COMPLETED]Where stories live. Discover now