Final part

11.3K 513 27
                                    

*Unicode *

"Liliလေး"

"...."

ဘေးမှာအိပ်နေတဲ့ချစ်မွှေးလေးဆီက ဘာသံမှ ထွက်မလာသေးတာကြောင့် Jenခမျာ Lisa ရဲ့ ပုခုံးကို လှုပ်ပြီး နှိုးရတော့မယ်။

ဒီကလေးနဲ့ အချိန်တွေအများကြီး အတူကုန်ဆုံးရတာက ကောင်းချီးပေးခံရသလိုခံစားရတယ်ဆိုပေမယ့် အခန်းထဲဝင်လာတဲ့ နေရောင်စူးစူးတွေက "ဒီအချိန်မှ မထရင် ဒီနေ့ ထမင်းမစားကြတော့ဘူးလား"လို့ မေးခွန်းတွေ ထုတ်နေတဲ့အတိုင်း လင်းလက်တောက်ပနေကြတယ်လေ။

"Li LiLi Lisa ရေ ထတော့လေ"

" အွန်းးး အင်းးးး"

ဟော တစ်ကိုယ်လုံးကို အကြောတွေဆန့်ထုတ်ရင်း ကိုယ်တော်ချောက လူးလွန့်လာပါပြီ။

နဂိုကတည်းက အဖက်ခံထားရပါတယ်ဆိုမှ မလွှတ်တဲ့အပြင် ပိုပြီး တင်းတင်းအဖက်ခံလိုက်ရတာကြောင့် Jen က

" မျက်နှာသစ်ရဦးမယ်လေကွယ်။"

" သစ်နဲ့ လီလီနဲ့နေ"

" ဟော ကလေးမဟုတ် သူငယ်မဟုတ်နဲ့နော်"

" ညက ပြောတော့ Prof ရဲ့ ကလေးလေးဆို"

" ကျွန်မကအဲ့လို ပြောမိလို့လားကောင်မလေးတစ်ယောက်ကတော့လေ အိပ်မှုန်စုံမွားနဲ့ ကြားချင်ရာတွေလျောက်ကြားထားတယ်ထင်တယ်။ ကရော် ကရော်"

" ဟာ အဲ့လိုကြေးလား ရတယ်လေ" ပြောလည်းပြောရင်း လက်တစ်ဖက်က Prof ရဲ့ ပုခုံးကို ဖိပြီး ထထိုင်လိုက်တယ်။

ပြီးတာနဲ့ ခပ်မြန်မြန်ပဲ နောက်ပုခုံးတစ်ဖက်ကိုပါ မနာအောင်ဖိကိုင်လိုက်ပြီး ကိုယ်ကို Prof မျက်နှာနား ကိုင်းချလိုက်တယ်။

" ပြော ချစ်လား"

" အာ...ညစ်ပတ်အိုးလေး မျက်နှာမသစ်ရသေးဘူးလေ"

" မပြောရင် တကယ်နမ်းမှာနော်"

ပြောရင်း မိမိမျက်နှာကို Profရဲ့ မျက်နှာနားပိုတိုးကပ်လိုက်တော့

I love you, Professor (U+Z)[COMPLETED]Où les histoires vivent. Découvrez maintenant