*Unicode *
အခန်းရှေ့ရောက်တော့ Lisaက တံခါးဖွင့်ပေးဖို့ ph ဆက်ပြောလိုက်သည်မို့ ချယ်ယောင်းက တံခါးလာဖွင့်ပေးတယ်။
" ဟျောင် ငါက မလာလည်းရပါတယ်ဆိုနေ၊ ဪ Prof လည်း ပါလာတာလား"
" လူရိုက်လိုက်တယ်ဆိုတော့ မင်းတို့ချည်းပဲ စိတ်မချလို့လေ။ အခုရော အခြေအနေ"
" ဟိုလူယုတ်မာကောင်ကတော့ အခု လုံခြုံရေးလက်ထဲမှာ Prof၊ သတိရလား မရလားတော့ မသိဘူး။ ယောင်း ဒီဘက်က အမျိုးသမီးကို စောင့်ပေးနေလို့။"
" အခု အဲ့တစ်ယောက်ရော"
" ဆေးရှိန်ကြောင့်လားမသိဘူး မနိုးသေးဘူး။ Prof လိုက်ကြည့်လိုက်လေ။ အခန်းထဲမှာ လာ"
အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့တစ်ယောက်ကိုမြင်ပြီး Jennie အလန့်တကြားဖြစ်သွား
" ဟယ် Soo "
Prof ရဲ့အသံကြောင့် Lisa လည်း လန့်ပြီး အဲ့တစ်ယောက်ကိုကြည့်မိတော့ တကယ်ဘဲ Prof ရဲ့ အမြွာ Jisoo ဖြစ်နေတယ်။ ယောင်းကတော့ ရုတ်တရက် နားမလည်နိုင်နေဘူး။
" ဟဲ့ Lice အသိတွေလား"
"Prof ရဲ့ အမြွာလေ မင်းမသိဘူးလား ငါ့ wedding တုန်းကတောင် လာတက်သေးတယ်လေ"
" ငါ ဒါကြောင့် ငါတွေ့ဖူးနေပါတယ်လို့။ တော်သေးတာပေါ့"
သူ့အမလက်ကိုကိုင်ပြီး ငိုနေတဲ့ Prof Jen ကြောင့် Lisa နဲ့ ယောင်းနဲ့ ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်။ နှစ်ယောက်လုံးက မချော့တတ်ကြဘူး။ ပြီးတော့ငိုနေတဲ့သူကလည်း သူတို့ Professor ဆိုတော့
"Profရဲ့ အမ ဘာမှ မဖြစ်ဘူးနော်။ ယောင်းအချိန်မီလိုက်ပါတယ်။ ယောင်းကိုယုံ"
" ဟုတ်တယ်နော် Prof ၊ မငိုနဲ့တော့။Unnie Sooက ဆေးရှိန်ပြယ်ရင် နိုးလာမှာပါ" တစ်သျှူးတွေကမ်းပေးရင်း Lalisaလည်း တတ်သလောက်မှတ်သလောက်ပြောရတယ်။
"Lisa ရေ ငါအဖေနဲ့ ph ခနပြောလိုက်ဦးမယ်။ ညနေကတည်းက သူခိုင်းလို့အိမ်ကထွက်လာပြီး အခုထိအိမ်မပြန်ရသေးလို့ အာ့ ph မဆက်ရင် စိတ်ပူနေဦးမယ်။ Prof ခနနော်"
YOU ARE READING
I love you, Professor (U+Z)[COMPLETED]