"ကိုကို.....ဟင့်
ကိုကို သက်သာရဲ့လား"သတိလစ်နေရက်ကနေ
နိုးနိုးချင်းမြင်လိုက်ရသည်က
မေရီ့ကိုသာ"အင်း..မေရီ ကိုကိုသက်သာပါတယ်
ဒါနဲ့ Driver ရော""ဦးလေးကြီးကလက်စတီးရိုးထည့်ရမလား
မသိဘူး..အခုကခွဲစိတ်ခန်းဝင်နေတုန်းပဲ""ဟုတ်လား..."
"ဒါနဲ့
ကိုကို တကယ်သက်သာရဲ့လားဟင်...
ကိုကိုက
မေရီကို ရူးသွားအောင်လုပ်နေတာများလား"မျက်နာနုနုလေးထက်တွင်
စိုးရိမ်မူ့ကအထင်းသားနဲ့
သူမအရမ်းလန့်သွားပုံသာ"ကိုကို ခေါင်းတွေဘာတွေရော
ကိုက်လားဟင်..အန်ချင်သလိုရောဖြစ်...""ကိုကိုခေါင်းပေါက်ရုံပါမေရီရ...
ကားကအရှိန်တစ်ခုနဲ့သစ်ပင်ဝင်ဆောင့်တော့
ကိုကိုခေါင်းကွဲရုံလေးပါ
တကယ်တမ်းနစ်နာသွားရတာ
Driver ဦးလေးကြီးပဲ ကိုကိုသူ့အတွက်
ဆေးရုံဆင်းပြီး အရင်လိုပြန်ဖြစ်သည်အထိ
အစအဆုံး တာဝန်ယူပေးမယ်""အင်း ကိုကို့စိတ်ကိုမေရီသိတယ်
အခုလိုအချိန်တောင်
ကိုကိုကသူများအတွက်ကိုပဲ
တွေးပေးနေတာ....
ဟင့်...မေရီဘယ်လောက်
စိတ်ပူခဲ့ရလဲဒါကိုကိုကိုသိရဲ့လား
ကိုကိုသာတစ်ခုခုဖြစ်ရင်
မေရီရူးသွားမှာ ဟင့်""မေရီ....ကိုကို အဆင်ပြေတယ်နော်
မငိုရဘူး.... ကိုကိုဘာမှမဖြစ်ဘူး
မေရီကိုကို့နားရှိနေရုံနဲ့ကိုကိုအကုန်အဆင်ပြေတယ်....ဘာမှမဖြစ်ဘူး...""မသိဘူး မေရီစိတ်ပူတာပဲသိတယ်"
"ကိုကို့မေရီကအရမ်းစိတ်ပူခဲ့တာပဲလား
ဒီလောက်နဲ့တင်
ကိုကိုသေပျော်ပါပြီကွာ""ကိုကိုနော် မပြောကောင်းမဆိုကောင်းတွေ"
ချစ်ရသူလေးကို ရင်ခွင်ထဲထည့်
ထားပြီး စကားပြောနေရလို့လားမသိ
သူ့ဝေဒသနာတွေသည်တဝက်လောက်
သက်သာသွားသလိုသာ.....========
"သားလေး..... သားရယ်
မသေကောင်းမပျောက်ကောင်း
မေမေ ရင်တွေပူလိုက်တာ...
...
ငါ့သားလေးသာတစ်ခုခုဖြစ်ရင်
အဲ့ဒီလူကို အပြီးသတ်ပစ်မယ်"
YOU ARE READING
ရန်သူ OC ver S1"Completed"
FanfictionNote::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။