ရန်သူ အပိုင်း။၁၄။

7.5K 862 251
                                    

အခန်းရှေ့က ဘဲလ်သံကြောင့်
တနေ့လည်လုံးအိပ်ပျော်နေရာမှ
ကိုယ်လေးမတ်သွားသူ

ဘာလဲသူပြန်ရောက်လာတာလားဆိုပြီး
တွေးမိရုံနဲ့လူကဒေါသနဲ့
အားငယ်မူ့ပေါင်းကာ
စိတ်တွေလှုပ်ရှားလာမိသည်

သို့သော်အခန်းရှေ့မှ
Hotel ကဝန်ထမ်းရဲ့ စကားပြောသံကြားမှ
ဒါဟာသူပြောထားတဲ့
ကိုယ့်ကိုပြင်ဆင်ပေးမယ့်လူတွေပဲဆိုတာ
သိလိုက်ရသည်

.....စိတ်မပါလည်းပြင်ဆင်ရမယ်
မသွားချင်နေလည်းသွားရအုံးမယ်
ငါ့ကိုငါမှမပိုင်တော့ပဲ.....

=====

တံခါးဖွင့်ကာခပ်တည်တည်လေး
ကြည့်နေသူအလှလေးကိုတော့
ပညာရှင်တွေကသဘောတွေကျလို့
ဘာလို့ဆို
သူဟာသိပ်ချောလွန်းနေသည်မဟုတ်ပါလား
ဖူးဖူးနုနေတဲ့ အလှလေးပေမို့မာနကြီးတာ
မဆန်းကျယ်လောက်

"မင်းလေးက မှေး လား"

"ဟုတ်ပါတယ်"

"မာမီတို့ကမင်းကိုခြယ်သပေးမယ့်
လူတွေပါ"

"ခြယ်သရအောင်ကျတော်ကမိန်းမမဟုတ်ဘူး"

"ဟယ်..babyကစွာလိုက်တာ
စကားမှားသွားရင်တောင်းပန်ပါတယ်နော်
ပြင်ဆင်ပေးဖို့ပါ"

မာကြောနေသူလေးကြောင့်
အရှေ့ကပညာရှင်နစ်​ယောက်ဖြုံသွားရ၏

သူ့အားbabyလို့ခေါ်တာကိုလည်း
သိပ်သဘောမကျသလို....

မိတ်ကပ်ပါးပါးလေးတောင်
ခြေထောက်ကိုင်မတတ်ပြောကာ
လိမ်းပေးရသည်

နုတ်ခမ်းနီ အဆီလေးမှာ
ပန်းရောင်နည်းနည်းပါတာတင်မိလို့
သူ့ကိုမိန်းမဇာတ်သွင်းနေတာလားဆိုပြီး
ထငေါက်သေးတာမို့
တော်တော်လေးရှင်းယူလိုက်ရသေးသည်
တကယ်ပြောတာ အကယ်၍ သူ့အမျိုးသားလုပ်သူ
အာဏာလွှမ်းမို့ သာပြန်မလာခဲ့ရင်
သူလေး
သူတို့နစ်ယောက်ကိုတော်တော်ရစ်မယ့်ပုံ

ဟိုက"ဘာတွေဖြစ်နေတာလဲ"
တစ်ခွန်းပဲဟရသေးသည်
အခုနကသူတို့အားအမျိုးမျိုး
ပြသနာရှာနေသူလေးငြိမ်ကုတ်သွားခဲ့သည်

နောက်နားကခုံတွင်ဟန်ပါပါထိုင်ပြီး
ဆေးလိပ်လက်ကြားညှပ်ကာ
အလှငယ်၏နောက်ကျောကိုခပ်စိုက်စိုက်ကြည်​့နေလိုက်တော့ ဟိုကကျောက်ရုပ်လိုငြိမ်သက်နေခဲ့သည်

ရန်သူ OC ver S1"Completed"जहाँ कहानियाँ रहती हैं। अभी खोजें