ရန်သူ အပိုင်း။၆။

7K 773 118
                                    


"အာဏာ မင်းအဆင်ပြေရဲ့လား
ချုပ်ရိုးကကိုက်သေးလား"

"ပြေတယ်"

ဖြေသံကတခွန်းထဲ

တကယ်ပါပဲ ခေါင်းမာတဲ့
ဒီကောင်ဟာအချက်ပေါင်းများစွာ
ချုပ်လိုက်ရတာတောင်
ဆေးလိပ်သောက်မပျက်

ဆေးကတော့ အချိန်မှန်လာတိုက်နေလို့သာ
အနာက ယောင်တာရင်းတာ မရှိသေး

ဒီလောက်ချုပ်ထားရတာတောင်
ဒီဒဏ်ရာနဲ့ပဲ သူ့ဟာသူရေချိုး
သူ့ဟာသူသန့်စင်ခန်းဝင်နဲ့

ဒီအထိလိုက်လုပ်ပေးဖို့ကလည်း
ကိုယ်က
သူ့ယောက်ကျားလည်းမဟုတ်
သူ့ယောက်ကျား တောင်နေနိုင်သေးတာပဲ

ဒီတော့ သူ့ဟာသူလုပ်

ကိုယ့်အနေနဲ့က
အနာကွဲရင်ပြန်ချုပ်ပေးမယ်
ဆေးထည့်ပေးမယ်
ပတ်သီးတွေရေစိုနေရင်
ပတ်သီးအသစ်လဲပေးမယ်
ဒါပဲတတ်နိုင်တော့တယ်

သူဗိုက်ဆာရင် အနီးနားမှာဆိုင်မရှိတော့
မြို့ထဲကနေ လှမ်းမှာကာ စုံနေအောင် စားသည်

ငွေရှိတော့ လိုချင်တာကအခန်းထဲထိရောက်သည်.....ပြီး
ကိုယ့်ကိုလည်းပြောသည်

"မင်းလည်း လာတိုင်းပွားနေရင်မလာနဲ့
ငါ့ဘာသာ Special Nurse ဌားမယ်တဲ့"
ဘဝမှာဒီလောက်ကြောတဲ့ဟာမျိုး
ဒီတစ်ခါပဲတွေ့ဘူးသေးတယ်

ပြီး ဒီလိုလင်မယားမျိုးကိုလည်း
အခုမှတွေ့ဘူးသေးတယ်
စာချုပ်စာတန်းနဲ့လက်ထပ်ပြီးအပြန်မှာ
သတ်ကြတာ သေမှု့သေခင်းဖြစ်မယ့်အထိ

ဒီကောင်ကလည်း
အခုတခေါက်က သူတပြန်ငါတပြန်နဲ့
ကန်ကြောက်သတ်ပုတ်ကြလို့လားမသိဘူး
ဒီ နာကျင်မူ့ အတွက်တော့
ဟိုလူ့အပေါ်ပုံမချသေး....

ကစားသမားပီသပါပေတယ်

အရှုံးကိုအရှုံးလို့လက်ခံပြီး
နောက်ထပ်စိန်ခေါ်ပွဲအတွက်
အသင့်များပြင်လေသလားပဲ.....

မှေးစက်နိုင် သည်လည်း
သိပ်ကိုသွေးအေးသည်
အစကထင်ခဲ့တာက တမျိုးတဘာသာပေမယ့်
တကယ့်လက်တွေ့မှာမူ ထင်သလိုမဟုတ်ခဲ့

အာဏာလွှမ်းမိုးကဒဏ်ရာနဲ့မို့
အိပ်ခန်းတွင်းအိပ်တော့
သူသည်ဧည့်ခန်းတွင်နေသည်။
Sofaတွင်အိပ်သည်
အခုအရေးမှာ သူ့အမှား
မပါသလိုဘာမှမဟုတ်သလိုနေသည်

ရန်သူ OC ver S1"Completed"Donde viven las historias. Descúbrelo ahora