ရန်သူ အပိုင်း။၃၆။ Unicode

7.4K 717 459
                                    

ရှည်၍ Uni Zawgyi နစ်ပိုင်းခွဲပါမယ်
ဒါက Unicode Only ပါ

========

"ဘဘားး ဝါးး.."

"အင်း အင်း အင်းပြီးတော့မယ်နော်
ဘဘား ဘာမှမလုပ်ပါဘူး
ဒဏ်ရာလေးကိုပဲကြည့်မို့..."

"ဟင့် နာနာ"

"အော်ခလေးကနာလို့လား
ဒါဆိုဘဘားဘာမှမလုပ်တော့ဘူးနော်
ခဏလေးပဲကြည့်မှာပြီးတော့မှာ"

"ကြည့်နဲ့နာနာ..."

"ခဏလေးပဲနော်ခဏလေးပဲ...."

"ဒယ်ဒယ်ယေဘဘားဂိုယိုက်ယို​က်...
ဝါးးဝါးးး..."

"ပြီးပါပြီသားရယ်ပြီးပါပြီ
ဂျုဘီခလေးကိုသေချာဖမ်းထားလေ
ငါဒီမှာဆေးထည့်ရတာအဆင်မပြေဘူး..."

"ဘာဖြစ်နေကြတာလဲ!!.."

သူ့သားအော်ငိုနေလို့အပြင်ကပြန်လာပြီးအောက်ထပ်မှာသူသောက်နေကြအချိုရည်ပါ
မသောက်တော့ကာ
အပေါ်တတ်လာသူ...

အသံကအရင်လာပြီးမှလူကဝင်လာတော့
ဂျုဘီရောသူရောကလန့်သွားရသည်
ဘာကြောင့်ဆိုမထင်မှတ်ထားလို့

သူဒီနေ့သဲတုန်မိဘတွေကို
အမှုဆင်တရားဆွဲဖို့သွားတဲ့နေ့မဟုတ်ပါလား
သွားတာကလွန်ခဲ့တဲ့သုံးနာရီလောက်ကမှကို
သူအခုပြန်ရောက်နေပြီ...

"ဘာကြည့်နေတာလဲလို့
ကျုပ်မေးနေတယ်လေ.."

"သဲတုန်ကိုဆေးထည့်ပေးနေတာပါ"

"ဆေးထည့်တာက
ဘယ်လိုထည့်နေလို့ခလေး
ဒီလောက်တောင်အော်ငိုနေရတာ
ဂျုဘီဖမ်းစမ်းငါခလေးကိုကိုင်မယ်..."

"ဟုတ် ဟုတ်သူဌေး..."

"သွားငါသောက်ဖို့အချိုရည်သွားယူလာခဲ့"

"ဟုတ်ဟုတ်.."

ဂျုဘီခမျာသူ့သူဌေးခိုင်းရင်
ပျာယာပျာယာနဲ့ပြေးလုပ်တတ်သူမို့
အခုလည်းအောက်ထပ်ကိုပြေးလေပြီ.......

"ဒယ်ဒယ်.."

"အင်းပြော..."

"ဘဘားဂိုယိုက်ယိုက်.."

"အင်းခဏနေကြရင်ငါရိုက်ပေးမယ်
အခုကအပြင်မှာလည်းလူရိုက်လာလို့
ပင်ပန်းနေတယ်..."

ရန်သူ OC ver S1"Completed"Où les histoires vivent. Découvrez maintenant